
#Local_News
Published 26 November 2026
■ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသည့် စားသောက်ကုန်အမျိုးအစား ၄ မျိုးကို အသုံးပြုစားသုံးခြင်းမပြုကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က နိုဝင်ဘာ ၂၅ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။
■ FDA ၏ ထုတ်ပြန်ချက်အရ အဆိုပါစားသောက်ကုန်များမှာ ရွှေသင်းသူ သဘာဝနနွင်းမှုန့်စစ်စစ်၊ ရွှေသင်းသူ ဟင်းခတ်အရောင်တင်မှုန့်၊ 123 ဇီးဖြူသီးယိုနှင့် သိန်းတိုးဂျင်း (ချင်း) လက်ဖက်တို့ဖြစ်ကြောင်း သိရသည်။
■ ယင်းထုတ်ကုန်များကို ဓာတ်ခွဲစစ်ဆေးရာတွင် အစားအသောက်များ၌ ထည့်သွင်းအသုံးပြုခွင့်မရှိသည့် Auramine-O နှင့် Rhodamine-B ဆိုးဆေးများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
■ ထို့ကြောင့် အဆိုပါစားသောက်ကုန်များကို ဝယ်ယူစားသုံးခြင်းမပြုကြရန်နှင့် ဈေးကွက်အတွင်း တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းများ မပြုလုပ်ကြရန် FDA က အသိပေးထားသည်။
■ ထို့ပြင်သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ ဈေးကွက်များကို စစ်ဆေးမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်းလည်းသိရသည်။
#YMG/NN #Yangon_Times