NP News

တာချီလိတ်တွင် ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ထိုက်စံ(NP News)-နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ် (၁ ဒသမ ၀၀၃၉)ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်)၊ နံနက်(၁၀)နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းသွယ်နေ ကျလား ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုးလာမူ အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ဒေသကာလတန်ဖိုးငွေကျပ် (၂,၈၀၅) သိန်းတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် (၃၃) ကီလိုနှင့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၄,၁၆၀)ရှိ Happy Water အလေးချိန် (၅ ဒသမ ၂) ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေအိမ်အတွင်းမှ ငွေကျပ်သိန်း (၃,၀၀၀)တန်ဖိုးရှိ ကက်တမင်းအဆီရည် တစ်လီတာ၊ ငွေကျပ်တန်ဖိုး (၈)သိန်းရှိသော စိတ်ကြွဆေးပြား (၂,၀၀၀) ပြား၊ ငွေကျပ်သိန်း (၃၀)တန်ဖိုးရှိ အက်တက်စီဆေးပြား (၁၀၀) ပြား၊ ငွေကျပ်(၃၆)သိန်းတန်ဖိုးရှိ ကက်တမင်းအလေးချိန် (၃၀၀) ဂရမ်နှင့် လက်ကိုင်ဖုန်း (၄) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ အသက်(၂၈)နှစ်အရွယ် ကျလားနှင့် အသက်(၃၀)အရွယ်ရှိ စိုးလာမူတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာ ၂၄ ရက်)၊က နောင်ချိုမြို့တွင် သီပေါ မှ နောင်ချိုဘက်သို့ စိုင်းစွမ်ခေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း(၁၅၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

zawgyi version

တာခ်ီလိတ္တြင္ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ

ထိုက္စံ(NP News)-ႏိုဝင္ဘာ ၂၆

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္ (၁ ဒသမ ၀၀၃၉)ဘီလ်ံတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔(ႏိုဝင္ဘာ ၂၅ ရက္)၊ နံနက္(၁၀)နာရီခြဲခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ခတၱာလမ္းသြယ္ေန က်လား ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ၎ႏွင့္အတူ စိုးလာမူ အားေတြ႕ရွိၿပီး ေနအိမ္အတြင္းမွ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ ေဒသကာလတန္ဖိုးေငြက်ပ္ (၂,၈၀၅) သိန္းတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)အေလးခ်ိန္ (၃၃) ကီလိုႏွင့္ ေဒသကာလတန္ဖိုးေငြက်ပ္သိန္း (၄,၁၆၀)ရွိ Happy Water အေလးခ်ိန္ (၅ ဒသမ ၂) ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယင္းေနအိမ္အတြင္းမွ ေငြက်ပ္သိန္း (၃,၀၀၀)တန္ဖိုးရွိ ကက္တမင္းအဆီရည္ တစ္လီတာ၊ ေငြက်ပ္တန္ဖိုး (၈)သိန္းရွိေသာ စိတ္ႂကြေဆးျပား (၂,၀၀၀) ျပား၊ ေငြက်ပ္သိန္း (၃၀)တန္ဖိုးရွိ အက္တက္စီေဆးျပား (၁၀၀) ျပား၊ ေငြက်ပ္(၃၆)သိန္းတန္ဖိုးရွိ ကက္တမင္းအေလးခ်ိန္ (၃၀၀) ဂရမ္ႏွင့္ လက္ကိုင္ဖုန္း (၄) လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိသူ အသက္(၂၈)ႏွစ္အ႐ြယ္ က်လားႏွင့္ အသက္(၃၀)အ႐ြယ္ရွိ စိုးလာမူတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

အလားတူ ၿပီးခဲ့သည့္(ႏိုဝင္ဘာ ၂၄ ရက္)၊က ေနာင္ခ်ိဳၿမိဳ႕တြင္ သီေပါ မွ ေနာင္ခ်ိဳဘက္သို႔ စိုင္းစြမ္ေခး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရွာေဖြရာ ဆိုင္ကယ္အတြင္း သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း(၁၅၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News