CarsDB

စတီယာရင် ခေါက်သိမ်းထားနိုင်သည့် ကမ္ဘာ့ပထမဆုံး SUV ကို BYD စတင်မိတ်ဆက်

BYD က စတီယာရင် လုံးဝခေါက်သိမ်းထားနိုင်သည့် ကမ္ဘာ့ပထမဆုံး SUV မော်ဒယ်သစ်ကို ချပြလာသည်။

စတီယာရင်နေရာ လစ်လပ်သွားသဖြင့် ယာဉ်မောင်းသူမှာ အနားယူရန် နေရာကျယ်ကျယ်ဝန်းဝန်း ရလာမည် ဖြစ်သည်။

အနာဂတ်တွင် အလိုအလျောက်မောင်းနှင်စနစ် (autonomous driving) များ ပိုမိုတွင်ကျယ်လာပါကလည်း စတီယာရင်လိုအပ်မှု နည်းပါးလာမည်ဖြစ်ရာ စတီယာရင်ကို ရာနှုန်းပြည့် ခေါက်သိမ်းနိုင်သော ကားမော်ဒယ်သစ်ကို BYD က မိတ်ဆက်လာခြင်းလည်း ဖြစ်သည်။

BYD က ထိုနည်းပညာကို flagship brand ဖြစ်သော Fang Cheng Bao ၏ Tai 9 မော်ဒယ်တွင် ထည့်သွင်းမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ပထမဆုံး ၀ မှ ၁၈၀ ဒီဂရီအထိ ခေါက်သိမ်းနိုင်သော စတီယာရင်ဖြစ်သည်။ ခေါက်သိမ်းရာတွင်လည်း ဒက်ရှ်ဘုတ်အတွင်း ရောက်ရှိသွားရန် စက္ကန့် ၁၀ စက္ကန့်သာ ကြာသည်။

အဆိုပါ နောက်ဆုံးပေါ်နည်းပညာအား လက်တွေ့သရုပ်ပြထားသည့် ဗွီဒီယိုကို အများပြည်သူထံ ချပြထားပြီးဖြစ်ကာ CNC က YouTube တွင် မျှဝေထားသည်။

BYD သည် ပြီးခဲ့သော ၂၀၂၅ ခုနှစ်အတွင်း Fang Cheng Bao အမှတ်တံဆိပ်ကို ဩစတေးလျတွင် စတင်စမ်းသပ်နေသည်ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရသည်။

ထိုစဉ်က စမ်းသပ်ခဲ့သည်မှာ Bao 5 PHEV SUV ဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းတွင် Denza brand ဖြင့် ပြည်တွင်းဈေးကွက်သို့ ရောက်လာသည်။

BYD သည် Fang Cheng Bao အမှတ်တံဆိပ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး off-road ကားများအတွက် ရည်ရွယ်ခဲ့သည်။

Soueast S09 2025

2,590 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

Toyota Vitz 2006

810 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

ပထမဆုံး မော်ဒယ် ၂ မျိုးမှာ အလတ်စားနှင့် အကြီးစား off-road SUV များဖြစ်ပြီး PHEV drivetrain ကို သုံးထားသည်။

ပထမဆုံးမော်ဒယ် Bao 5 မှာ ၂၀၂၃ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။ အလတ်စား SUV Bao 5 မှာ တရုတ်ပြည်တွင် ချက်ချင်းလူကြိုက်များခဲ့ပြီး စတင်မိတ်ဆက်ပြီး ၃ ရက်အတွင်း အစင်းရေ ၁၀,၀၀၀ ခန့် အမှာစာ ရရှိခဲ့သည်။ ၆ လတာအတွင်း အစင်းရေ ၂၀,၀၀၀ ကျော် ရောင်းချခဲ့ရသည်။

တဖန် ၂၀၂၄ ခုနှစ်တွင် အရွယ်အစား ပိုမိုကြီးမားသော Bao 8 SUV ကို ဆက်လက်ထုတ်လုပ်ခဲ့ရာ off-road စွမ်းရည် အတန်အသင့်ရမည့် premium အကြီးစား SUV များ လိုချင်နေသူတို့အကြား ကျော်ကြားလာခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လသို့ ရောက်သောအခါ GWM ကဲ့သို့ အငယ်စား ICE off-road SUV များနှင့် ယှဉ်ပြိုင်ရန်အတွက် BYD က Bao 5 ကို ဈေးလျှော့ပေးလာသည်။

ထိုသို့ ဈေးလျှော့ပေးလိုက်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်အတွင်း တရုတ်ပြည်တွင် Bao 5 မှာ အစင်းရေ ၅၀,၀၀၀ နီးပါး ရောင်းချခဲ့ရသည်။

၂၀၂၅ ခုနှစ်တွင် Tai 3 ကို ထပ်မံမိတ်ဆက်ခဲ့သည်။

ထိုမော်ဒယ်သည် မိသားစုစီး SUV ဈေးကွက်ကို ဦးတည်သည့် ပထမဆုံး EV မော်ဒယ်လည်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 002 BYD launches new SUV with a world first foldable steering wheel (thedriven)

မူရင်းသတင်း — CarsDB