NP News

Online မှ ရေဖိုး၊ ရေခပေးသွင်းခြင်းစနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်၍ Online ဖြင့် ငွေပေးချေမှုများကို ဒီဇင်ဘာလအတွင်း ခေတ္တရပ်ဆိုင်းမည်

ထိုက်စံ(NP News)-နိုဝင်ဘာ ၂၆
Online မှ ရေဖိုး၊ ရေခပေးသွင်းခြင်းစနစ်ကို ဒီဇင်ဘာလတွင် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်၍ Online ဖြင့် ငွေပေးချေမှုများကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ သတင်းအချက်အလက် နှင့် ကြော်ငြာများ ထုတ်ပြန်လျက်ရှိသည့် NPTDC Website ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ အဆောက်အအုံ ဆောက်လုပ်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် နှင့် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ Online မှ ရေဖိုး၊ ရေခပေးသွင်းခြင်းစနစ်တို့ကို (PHP)Version အဆင့်မြှင့်တင်သည့်လုပ်ငန်းစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆင့်မြှင့်တင်သည့် လုပ်ငန်းစဉ်ကို လာမည့်(ဒီဇင်ဘာ ၁ ရက်)မှ (၃၁)ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါဝန်ဆောင်မှုစနစ်များအား ဆောင်ရွက်သည့်ရက်များအတွင်း Online ဖြင့် ငွေပေးချေမှုများအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News