Xinhua Myanmar

တရုတ်နိုင်ငံ နန်ကျင်းဆိပ်ကမ်းမှ မော်တော်ယာဉ်တင်ပို့မှုများ တစ်ဟုန်ထိုးမြင့်တက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ နန်ကျင်းဆိပ်ကမ်းမှ ယာဉ်အတက်အဆင်း ပြုလုပ်နိုင်သည့် ယာဉ်တင်သင်္ဘောတစ်စင်း ထွက်ခွာလာပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်အစီးရေ ၂,၈၈၅ စီး တင်ဆောင်ထားသော ယာဉ်အတက်အဆင်း ပြုလုပ်နိုင်သည့် "ထန်ဟုန်" အမည်ရှိ ယာဉ်တင်သင်္ဘောသည် နန်ကျင်းဆိပ်ကမ်းမှ မက္ကဆီကိုနိုင်ငံသို့ နိုဝင်ဘာ ၂၅ ရက်က စတင်ထွက်ခွာသွားခဲ့သည်။

ယခုနှစ်အတွင်း လက်ရှိအချိန်အထိ နန်ကျင်းဆိပ်ကမ်းမှ ပြည်တွင်းဖြစ်မော်တော်ယာဉ် စုစုပေါင်း ၁၂,၂၇၀ စီး တင်ပို့ထားပြီးဖြစ်ကာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၄၈.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ နန်ကျင်းဆိပ်ကမ်း၌ ပြည်ပတင်ပို့မည့် မော်တော်ယာဉ်များအား ဒေသခံ နယ်စပ်စောင့်ကြည့်စစ်ဆေးရေးစခန်းမှ ရဲအရာရှိများ စစ်ဆေးနေပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.................................

(English Version)

China's Nanjing Port sees surge in vehicle exports

Loaded with 2,885 Chinese-made vehicles, a roll-on/roll-off ship named "Tang Hong" set sail from Nanjing Port for Mexico on Wednesday.

So far this year, Nanjing Port has exported a total of 12,270 domestic vehicles, representing a year-on-year increase of 248.2 percent.

Photo caption 1: A drone photo taken on Nov. 25, 2026 shows a roll-on/roll-off vessel departing from Nanjing Port in east China's Jiangsu Province. (Photo by Fei Bojun/Xinhua)

Photo caption 2: Police officers of the local border inspection station check vehicles to be exported at Nanjing Port in east China's Jiangsu Province, Nov. 23, 2026. (Photo by Fei Bojun/Xinhua)

မူရင်းသတင်း — Xinhua Myanmar