Xinhua Myanmar

သစ်ပင်ထိပ်ဖျားချင်း ကြိုးတံတားသွယ်တန်းကာ ကော်စတာရီကာနိုင်ငံတွင် ဆလော့သ်ကောင်လေးများအတွက် “ဝေဟင်စင်္ကြံလမ်း” ဖွင့်လှစ်ပေး

ကော်စတာရီကာနိုင်ငံ အဲရေဒီယာမြို့ရှိ “တူကန်ကယ်ဆယ်ရေးခြံ” တွင် ဆလော့သ်ကောင်လေးတစ်ကောင် ဆော့ကစားနေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဲရေဒီယာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကော်စတာရီကာနိုင်ငံ အခြေစိုက် “ဆလော့သ် (Sloth) ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်း” သည် လမ်းများ သို့မဟုတ် အဆောက်အအုံများကြောင့် အလှမ်းကွာနေသည့် သစ်ပင်အုပ်များကို ဆက်သွယ်ပေးကာ ဆလော့သ်ကောင်လေးများအတွက် ဘေးကင်းလုံခြုံသော ဝေဟင်ဖြတ်သန်းသွားလာရေး လမ်းကြောင်းများ ဖန်တီးပေးနိုင်ခဲ့ရာ ယင်းကဲ့သို့သော ကြိုးတံတားပေါင်း ၄၁၀ ခုကို တပ်ဆင်ပေးပြီးဖြစ်ကြောင်း အေပီသတင်းဌာန (AP) ၏ နိုဝင်ဘာ ၂၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ “တောရိုင်းတိရစ္ဆာန်များအတွက် တံတား” များသည် ကြိုးများဖြင့်သာ ရိုးရှင်းစွာတည်ဆောက်ထားပုံရသော်လည်း သစ်ပင်ပေါ်တွင် နေထိုင်သည့် ဆလော့သ်ကဲ့သို့သော တိရစ္ဆာန်များအတွက် သစ်ပင်အုပ်ထိပ်ဖျားများကြားရှိ ကွက်လပ်နေရာများကို ဖြတ်ကူးနိုင်မည့် “အသက်သွေးကြော” များဖြစ်ကြောင်း  အဆိုပါ ဖောင်ဒေးရှင်း တည်ထောင်သူ ရေဗက္ကာ ကလစ်ဖ်က ပြောကြားခဲ့သည်။

ဆလော့သ်များသည် ၎င်းတို့၏ ဘဝသက်တမ်း တစ်လျှောက်လုံး၏ အချိန်အများစုကို သစ်ကိုင်းများတွင် ဇောက်ထိုးတွဲလောင်းခိုကာ ကုန်လွန်ကြသည်။ အစာရှာရန် သို့မဟုတ် ခိုအောင်းရန်အတွက် ၎င်းတို့သည် ရင်းနှီးကျွမ်းဝင်ပြီးသား လမ်းကြောင်းများကို အမှီပြုကာ သစ်ပင်တစ်ပင်မှ အခြားတစ်ပင်သို့ ရွှေ့ပြောင်းသွားလာကြသည်။

အနီးအနားရှိ သစ်ပင်များအကြား အကွာအဝေး အလွန်ဝေးကွာပြီး သစ်ပင်အုပ်များ တစ်ခုနှင့်တစ်ခု သီးခြားကွာဟနေသည့်အခါ ဆလော့သ်များသည် မျောက်များကဲ့သို့ ခုန်ကူးနိုင်ခြင်းမရှိသဖြင့် သစ်ပင်တစ်ပင်မှ မြေပြင်ပေါ်သို့ ဦးစွာဆင်းပြီးနောက် အခြားသစ်ပင်တစ်ပင်ပေါ်သို့ ဖြည်းဖြည်းချင်း ပြန်တက်ရသည်။ လှုပ်ရှားသွားလာမှု နှေးကွေးသည့် ဆလော့သ်များအတွက် ထိုအကွာအဝေးတိုလေးသည်ပင် အလွန်အန္တရာယ်များလှသည်။ ၎င်းတို့သည် ထိုလမ်းကြောင်းပေါ်၌ ခွေးကိုက်ခံရနိုင်ခြင်း၊ ကားတိုက်ခံရနိုင်ခြင်းအပြင် လျှပ်စစ်ဝါယာကြိုးများနှင့် ထိမိ၍ ဓာတ်လိုက်ခံရနိုင်ခြေများလည်း ရှိနေပါသည်။

ဆလော့သ်များသည် “အလေ့အကျင့်အတိုင်း ပုံသေပြုမူသွားလာတတ်သည့် သတ္တဝါများ” ဖြစ်ကြပြီး ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားသည့်တိုင်အောင် ငယ်စဉ်ကတည်းက သွားလာခဲ့သည့် လမ်းကြောင်းဟောင်းများအတိုင်းသာ ဆက်လက်လိုက်ပါသွားလာလေ့ရှိကြောင်း ကလစ်ဖ်က ပြောကြားခဲ့သည်။ ထို့ကြောင့် အနီးအနားရှိ သစ်ပင်အုပ်များအကြား အကွာအဝေး ၂ မီတာမှ ၃ မီတာအထိ ရှိနေသည့်အခါတွင်ပင် ဆလော့သ်များသည် အခြားသစ်ပင်တစ်ပင်သို့ ရောက်ရှိရန် နည်းလမ်းရှာဖွေကြမည်ဖြစ်သည်။

ထို့ကြောင့် ရေဗက္ကာ ကလစ်ဖ်သည် ကော်စတာရီကာနိုင်ငံရှိ ဆလော့သ်သဘာဝထိန်းသိမ်းရေးနယ်မြေတွင် တောရိုင်းတိရစ္ဆာန်များ ဘေးကင်းစွာ သွားလာနိုင်မည့် လမ်းကြောင်းများကို တည်ဆောက်ပေးရန် ကြိုးပမ်းခဲ့ရာ ယခုဆိုလျှင် နှစ် ၂၀ နီးပါး ကြာမြင့်ပြီဖြစ်သည်။ ဆလော့သ်ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်းအနေဖြင့် အစပိုင်းတွင် ရန်ပုံငွေ အကန့်အသတ်ရှိခဲ့သော်လည်း တည်ဆောက်ပေးခဲ့သည့် ကြိုးတံတားများမှာ ထိရောက်မှုရှိခဲ့သည်။ ရေဗက္ကာ ကလစ်ဖ်က စောင့်ကြည့်ရေးကိရိယာများ တပ်ဆင်ပြီးနောက် ကြိုးတံတားအချို့ကို အသုံးပြုသည့်အကြိမ်ရေမှာ ၂၀,၀၀၀ ကျော်ရှိခဲ့ပြီး ဆလော့သ်များအပါအဝင် တောရိုင်းတိရစ္ဆာန်များစွာ ဘေးကင်းစွာ သွားလာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သစ်ပင်ထိပ်ဖျား ကြိုးတံတားများသည် ဆလော့သ်များအတွက် ဘေးကင်းလုံခြုံသော “ဝေဟင်စင်္ကြံလမ်း” ကို ပံ့ပိုးပေးနိုင်သော်လည်း ဆလော့သ်များ၏ ကျက်စားရာ နေရင်းဒေသ ပျက်စီးဆုံးရှုံးနေသည့် ပြဿနာကို အခြေခံကျကျ ဖြေရှင်းပေးနိုင်ခြင်း မရှိပေ။ ဆလော့သ်များ အပါအဝင် တောရိုင်းတိရစ္ဆာန်များကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လက်ရှိသစ်တောများကို ထိန်းသိမ်းကာကွယ်ရန်၊ ဂေဟစနစ် စင်္ကြံလမ်းများကို ပြန်လည်ဖော်ဆောင်ရန်နှင့် ဖွံ့ဖြိုးရေးစီမံကိန်းအသစ်များကြောင့် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားရာ နေရင်းဒေသများ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ပြတ်တောက်မှု ထပ်မံမဖြစ်ပွားစေရေး သေချာစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကော်စတာရီကာ အမျိုးသားတက္ကသိုလ်မှ ပထဝီဝင်ပညာရှင် ကားလို့စ် မိုရဲရာ ဘီတာက ပြောကြားခဲ့သည်။。

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) က ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်အရ ကော်စတာရီကာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း သစ်တောခုတ်ထွင်မှု လျှော့ချရေးတွင် သိသာထင်ရှားစွာ အောင်မြင်မှု ရရှိခဲ့ပြီး တစ်နိုင်ငံလုံး၏ သစ်တောဖုံးလွှမ်းမှုနှုန်းမှာ ၁၉၈၇ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၅၉ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့သည်။ သို့ရာတွင် တိရစ္ဆာန်များ၏ ကျက်စားရာ နေရင်းဒေသများ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ပြတ်တောက်မှု ပြဿနာမှာမူ တိုးတက်ကောင်းမွန်လာခြင်း မရှိသည့်အပြင် ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍများ၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမှုသည် အဆိုပါ နိုင်ငံ၏ ကမ်းရိုးတန်းဒေသများအပေါ် ဂေဟစနစ်ဆိုင်ရာ ဖိအားများကို ပိုမိုဖြစ်ပေါ်စေလျက်ရှိသည်။ (Xinhua)

------------------------------------------

(Chinese Version)

树顶牵绳 哥斯达黎加为树懒开通“空中走廊”

据美联社24日报道,总部设在哥斯达黎加的“树懒保护基金会”已经搭设了410条这样的绳索,连接被道路或建筑物分隔的树冠,为树懒开辟安全的空中通道。该基金会创始人丽贝卡·克利夫说,这些“野生动物桥梁”仅由绳索建成,看起来一点都不复杂,却是树懒等树栖动物的“生命线”,令它们得以跨越树冠之间的空隙。

树懒一生大部分时光都倒悬在树枝上度过。为觅食或栖身,它们依赖熟悉的路线从一棵树挪另一棵树。当相邻树木距离过远、树冠彼此分离时,树懒由于无法像猴子那样跳跃,只能从其中一棵树先下到地面,再慢慢爬上另一棵树。对于行动缓慢的树懒来说,这短短一段路极为凶险:它们可能在这段路上被狗咬、被车撞,还有可能碰上电线触电。

克利夫说,树懒是“习惯性生物”,即使环境已经变化,仍倾向于遵循幼时出行的路线。因此,当相邻树冠相距2到3米时,树懒仍会想办法前往另一棵树。她因此尝试在哥斯达黎加树懒自然保护区搭建能让野生动物安全出行的通道,一干就是近20年。虽然树懒保护基金会最初资金有限,但所搭建的绳桥颇有成效。克利夫说,自安装监控装置以来,部分绳桥的使用次数已逾2万,包括树懒在内的不少野生动物得以安全出行。

树顶绳桥为树懒提供了安全的“空中走廊”,但无法从根本上解决树懒栖息地受破坏的问题。哥斯达黎加国立大学地理学家卡洛斯·莫雷拉·贝塔说,要想长期保护树懒等野生动物,需保护现有森林、恢复生态走廊并确保新的开发项目不会进一步令野生动物栖息地碎片化。

据经济合作与发展组织2023年发布的一份报告,哥斯达黎加近年来减少森林砍伐成效显著,全国森林覆盖率从1987年的21%恢复至59%。然而,动物栖息地碎片化的问题并未好转,旅游业等产业的持续发展更是对该国沿海地带构成生态压力。(袁原)

图说 :2021年4月20日,一只树懒在位于哥斯达黎加埃雷迪亚的“巨嘴鸟救助牧场”玩耍。新华社记者范小林摄

မူရင်းသတင်း — Xinhua Myanmar