ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကို အကြောင်းပြကာ ခရီးသွားပြည်သူများကို အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန်ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ငွေကြေးဖြင့် လူစားထိုးဆင့်ခေါ်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင် ငွေကြေးကောက်ခံခြင်းများ လျော့နည်းပပျောက်စေရန် ဖော်ထုတ်အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များသည် စည်းကမ်းမဲ့စွာ ကြုံရာကျပန်းပြုလုပ်နေသည့်လုပ်ငန်းများမဟုတ်ဘဲ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်တို့က စနစ်တကျကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ သို့ရာတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအတွင်း အချို့သော မြို့ရွာဒေသများ၌ မသမာသူများက တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ကာ အဓမ္မဖမ်းဆီး၍ ငွေကြေးရယူခြင်း၊ ပြည်သူ့စစ်မှုထမ်း စာရင်းသွင်းဝင်ရောက်စေခြင်း၊ ပြည်သူ့စစ်မှုထမ်းအကြောင်းပြချက်ဖြင့် လူပြန်ပေးဆွဲသကဲ့သို့ပြုလုပ်၍ ငွေကြေးတနင့်တပိုး တောင်းခံခြင်းတို့ ကျူးလွန်မှုများရှိနေကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်။
ထို့အပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကလည်း စစ်မှုထမ်းသွားရောက်မည့်သူများကို ထောက်ပံ့ပေးရန် အကြောင်းပြ၍ လစဉ်ငွေကြေးကောက်ခံခြင်း၊ စစ်မှုထမ်းဆောင်ရန် ရှောင်တိမ်းသူများအစား အခကြေးငွေဖြင့် လူစားထိုးဆောင်ရွက်စေရန် တရားမဝင်ငွေကြေးကောက်ခံခြင်းများလည်း ဖြစ်ပေါ်လျက်ရှိသည်။ ယင်းကဲ့သို့ ဥပဒေမဲ့ ကျူးလွန်ပြုလုပ်မှုများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ငွေကြေးတောင်းခံမှုတရားခံများ၊ အဓမ္မဆင့်ခေါ်မှု တရားခံများ စုစုပေါင်း ၁၉၉ ဦးတို့ကို အရေးယူထားကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တိုင်ကြားလာသည့် ငွေကြေးဆိုင်ရာအမှု ၁၈၂ မှုတွင် အရေးယူပြီးစီးမှု ၉၁ မှု၊ စိစစ်ဆဲ ၅၆ မှု၊ မမှန်မကန်တိုင်ကြားမှု ၃၅မှု ရှိပြီး အဓမ္မဆင့်ခေါ်မှုဆိုင်ရာ အမှု ၄၃ မှုတွင် အရေးယူပြီးစီးမှု ၁၇ မှု၊ စိစစ်ဆဲ ၁၄ မှု၊ မမှန်မကန် တိုင်ကြားမှု ၁၂ မှု ရှိကြောင်းနှင့် ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူထားပြီး ဖြစ်သည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ အသိပေး ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတော် ကာကွယ်ရေးစွမ်းပကား မြင့်မားရန် လိုအပ်မှုရှိနေခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပြီး ဥပဒေအရ အကျုံးဝင်သူ အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်လျက်ရှိရာ အချို့သော ပြည်သူ့စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ကို ရှောင်လွှဲလိုသဖြင့် အခြားရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပသို့ထွက်ခွာခြင်း၊ အခကြေးငွေဖြင့် လူအစားထိုးခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြ ရှောင်တိမ်းသူများအား ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက စောင့်ကြည့်ဆင့်ခေါ်ခြင်း ပြုလုပ်လျက်ရှိရာ အချို့မြို့ရွာများတွင် မသမာသူများကပါ တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး ဥပဒေမဲ့ကျူးလွန်လာကြခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး (နေပြည်တော်) ဖုန်း-၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇-၃၄၀၄၉၂၂ ၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅ နှင့် မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS) ၀၉-၂၅၅၀၀၂၅၀၁ တို့အပါအဝင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ ဖုန်းနံပါတ်များကို နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားရာ သတင်းပေးတိုင်ကြားနိုင်ကြသည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရန် အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးတို့မှ တာဝန်ရှိသူများအနေဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရန်လိုသည်။ မိမိတို့၏နယ်မြေအတွင်း၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအတွင်း မသမာသူများဝင်ရောက်၍ အခွင့်အရေးယူမှု၊ ဥပဒေချိုးဖောက်မှုတို့ မပြုနိုင်ကြစေရန်၊ အများပြည်သူစိုးရိမ်ထိတ်လန့်မှု မဖြစ်ပွားစေရန်တို့ကိုလည်း အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူများအနေဖြင့်လည်း အထက်တွင်ဖော်ပြခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားပါက သတင်းပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များသို့ မှန်မှန်ကန်ကန် သတင်းပေးတိုင်ကြားကြရပါမည့်အကြောင်း။ ။