မောင်ငြိမ်းအေး
ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် ၁၉၂၀ ပြည့်နှစ် ကောလိပ်ကျောင်းသားများသပိတ်မှ သန္ဓေတည်လာခဲ့သော အမျိုးသားလှုပ်ရှားမှု စိတ်ဓာတ်ခွန်အားများက မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်သာမက နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဂုဏ်သိက္ခာဝင့်ထည်စွာ ခိုင်ခိုင်မာမာရပ်တည်နေထိုင်နိုင်ရေးတို့အတွက် အင်အားများပင်ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့မှ သန္ဓေတည်လာခဲ့သော အမျိုးသားရေးစိတ်ဓာတ်သည် နိုင်ငံနှင့် လူမျိုးအတွက် အသက်တမျှ အရေးပါသည့် ကိုယ်ခံအားများဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ် အားကောင်းမှ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သလို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအား များနည်းလာပါက လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာထိပါးခံရနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။
၁၉၂၂ ခုနှစ်မှစတင်ခဲ့သည့် အမျိုးသားအောင်ပွဲသည် ယခုအခါ နှစ်ပေါင်း ၁၀၆ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ထိုစဉ်က နိုးကြားရှင်သန်ခဲ့သော အမျိုးသား စိတ်ဓာတ်သည် နယ်ချဲ့အစိုးရ၏ မတရားဖိနှိပ်မှုမှ လွတ်မြောက်ရန်ကြိုးပမ်းမှုတွင် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေသည့် အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည်။
ယင်းအမျိုးသားရေးစိတ်ဓာတ်က မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားတိုင်း၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေးအတွက်ဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း ထိုသို့သော အမျိုးသားရေးစိတ်ဓာတ်များ အထူးလိုအပ်နေပါသည်။ မြန်မာနိုင်ငံ၌ မြန်မာလူမျိုးအချင်းချင်း မတူကွဲပြားမှုများအကြားတွင် စိတ်ဝမ်းကွဲပြားအောင် သွေးထိုးခံရမှုအမျိုးမျိုးကြောင့် စည်းလုံးညီညွတ်မှု အားနည်းနေသည်ကို သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နယ်ချဲ့စနစ် ၏ဆိုးမွေကြောင့် တိုင်းရင်းသားအချင်းချင်း သွေးကွဲခဲ့ကြသည်။ စိတ်ဝမ်းကွဲပြားမှုများနှင့်အတူ ပဋိပက္ခများ၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံအကျိုးစီးပွား
မျက်မှောက်ကာလတွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ၊ နိုင်ငံ၏ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အမျိုးသားရေးစိတ်ဓာတ်နှင့် ခံယူချက်များ နိုးကြားထက်သန်နေရန် လိုပါသည်။ တိုင်းပြည်သာယာဝပြောရေးအတွက် တစ်မျိုးသားလုံး စွမ်းဆောင်ကြရန်လိုပါသည်။
အမျိုးသားရေးဟုဆိုရာတွင် ရှေးရိုးစွဲ အမျိုးသားရေးနှင့် အစွန်းရောက်အမျိုးသားရေးကို မဆိုလိုပါ။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် ရမည့် အမျိုးသားရေးစိတ်ဓာတ်၊ မိမိနိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ကြိုးပမ်းစွမ်းဆောင်ရ မည့်စိတ်ဓာတ်ဖြစ်ပါသည်။ နိုင်ငံများက မိမိနိုင်ငံ၏ ကာကွယ်ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး၊ စီးပွားရေးတွင် လွှမ်းမိုးမခံရစေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် အမျိုးသားရေးကို အလေးထားလာကြသည်။
လက်ရှိကာလတွင် နိုင်ငံအတွင်း အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်စေရေးအတွက် အထူး လိုအပ်နေသည့် အရင်းခံအကြောင်းတရားများကို အလေးအနက် သုံးသပ်ကြည့်သင့်သည်။ မြန်မာ နိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းလျက်ရှိသည်။ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းသည့်အခါ ပြည်သူလူထုတစ်ရပ်လုံးသည် ဒီမိုကရေစီ အနှစ်သာရများနှင့် ဒီမိုကရေစီယဉ်ကျေးမှုတို့ကို မဖြစ်မနေ ခံစားနိုင်ရန် လိုအပ်သည်။ ဒီမိုကရေစီယဉ်ကျေးမှု ဆိုသည်မှာ လူတစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့အလိုက် ၏ လိုအင်ဆန္ဒများကို ပဋိပက္ခများ၊ အကြမ်းဖက်မှု များမှရှောင်ရှားပြီး ငြိမ်းချမ်းသည့်နည်းဖြင့် ဖော်ဆောင် ခြင်းဖြစ်သည်။ သို့သော် စိတ်ဝမ်းကွဲပြားမှု အကျိုးဆက်ဖြစ်သည့် မိမိနှင့်အသွင်မတူသည်နှင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မျက်ကွယ်ပြုကာ အပြုသဘောမဆောင်မှုများ၊ ဆန့်ကျင်သဘော ထားများ၊ လုပ်ရပ်များကို လုပ်ဆောင်လာကြသည်။
နိုင်ငံကိုကာကွယ်
တိုင်းပြည်သာယာဝပြောရေးသည် တစ်မျိုးသားလုံး၏ အမျိုးသားရေးလိုအပ်ချက်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောစေရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးက အခြေခံကျသည့်အချက် ဖြစ်သည်။ ပြီးခဲ့သည့်ကာလက တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တချို့အနေဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့အားပေးပြီး အကြမ်းဖက်လမ်းကြောင်းပေါ်ကို တင်ပေးခဲ့သည့်အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ လမှစတင်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏လုပ်ရပ်များကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ကြီးစွာထိခိုက်ခဲ့ရသည်။
ယင်းမတိုင်မီကလည်း လက်နက်ကိုင် သောင်းကျန်းသူများသည် နယ်မြေဒေသအသီးသီးတွင် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူများ ဆင်းရဲဒုက္ခရောက်ရသည်။ ယင်းကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နိုင်ငံတော်၏ အကျိုးစီးပွားမထိခိုက်အောင် သက်စွန့်ကြိုးပမ်း ကာကွယ်ဆောင်ရွက်နေရသည်။
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးစွမ်းအားများ အားကောင်းရန်လိုသည်။ နိုင်ငံရေးအရ အားကောင်းစေရေးအတွက် တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုကြသူများက စနစ်တကျမှန်ကန်စွာ ဦးဆောင်ပေးကြရသလို နိုင်ငံသားအားလုံးကလည်း မိမိနိုင်ငံကို ကာကွယ် စောင့်ရှောက်ရေး၊ မိမိနိုင်ငံအကျိုးအတွက် စည်းလုံး ညီညွတ်စွာရှိရေးသည် အထူးလိုအပ်သည်။ နိုင်ငံကာကွယ်ရေးနှင့် စည်းလုံးညီညွတ်ရေးသည် နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံရေးအခြေအနေများအရ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အထူးနှလုံးသွင်းပြီး ကျရာကဏ္ဍမှ ဆောင်ရွက်ကြရမည်ဖြစ်သည်။
အကျိုးစီးပွားကာကွယ်
မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများကို တွေ့မြင်ရမည်ဖြစ်သည်။ အချို့ဒေသများတွင် ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေများအထိ ဖြစ်ပေါ်လာ အောင် ဖန်တီးနေသည်ကို တွေ့မြင်ခဲ့ရသည်။ ယခုအခါ ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေ ပြောင်းလဲလာသည်။ အင်အားကြီးနိုင်ငံကြီးများသည်ပင် ထာဝရမိတ်ဆွေအဖြစ် လက်တွဲပူးပေါင်း လာကြပြီ။ အကျိုးစီးပွားနှင့်ယှဉ်၍ ထာဝရရန်သူ အယူအဆကို စွန့်လွှတ်လာကြပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများစုက နိုင်ငံအလိုက် အင်အားစု ရရှိရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့်ကဏ္ဍစုံတွင် အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်နေကြသည်ကို သတိပြုကြရမည်ဖြစ်သည်။ ယင်းတို့သည် နိုင်ငံအလိုက် အမျိုးသား အကျိုးစီးပွားကာကွယ်ရေး၊ အမျိုးသားရေး ဆောင်ရွက်ချက်များဖြစ်သည်။
ယခင်က နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုးအောင် ဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်ရေး၌ အဓိကကျသည့် စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် စီးပွားရေးတွင် ထိန်းချုပ်နိုင်ရန် ဆောင်ရွက် ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်းတွင် ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံဖြစ်ပေါ်လာ အောင်ဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလို ခြယ်လှယ်နိုင်အောင် ဖန်တီးခဲ့ကြသည်ကို တွေ့ရ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဆိုပါအခြေအနေ မျိုးဖြစ်ပေါ်လာခြင်းသည် မတော်တဆဖြစ်လာခြင်း မဟုတ်ပေ။ ရည်ရွယ်ချက်ရှိရှိ အချိန်ယူဖန်တီးခဲ့ ခြင်းဖြစ်သည်။ မလိုလား၊ မဖြစ်သင့်သည့်ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ဖြစ်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနှင့် ရဟန်းသံဃာတော်များပါမကျန် ထိခိုက် သေဆုံးခဲ့ကြသည်။ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်။ မိမိနိုင်ငံအပေါ် သစ္စာမဲ့၊ အသိဉာဏ်အားနည်းသည့် မိမိနိုင်ငံသားများက ပြည်တွင်းပြည်ပမှ မြှောက်ပင့်ပံ့ပိုးမှုများဖြင့် ဖျက်ဆီးခဲ့ကြသည်။
ကြိုးပမ်းဆောင်ရွက်
မည်သို့ပင်ဖြစ်စေ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက မိမိနိုင်ငံ၏ အကျိုးစီးပွားအပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဦးစားပေးလုပ်ဆောင်နေကြသည်ကို သတိပြုမိရန်လိုမည်ဖြစ်သည်။ ယင်းသည် အမျိုးသား အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နေကြခြင်း ဖြစ်သည်။ နိုင်ငံအလိုက် အမျိုးသားရေးကို ရှေ့တန်းတင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် ခေတ်မီ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များနှင့် ခေတ်မီနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကို အလေးထားဆောင်ရွက်ရေး၊ လူငယ်များ၏ စွမ်းဆောင်ရည်၊ တီထွင်ဖန်တီးမှုနှင့် ခေါင်းဆောင်မှုအရည်အသွေးများကို ပျိုးထောင်၍ နိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အမျိုးသားရေး နိုးကြားထက်သန်စေရန် တပ်လှန့်နှိုးဆော်လိုက်သည့် အချက်တစ်ရပ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတကာတရားရုံး (International Court of Justice - ICJ) က The Gambia v. Myanmar အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ သည့်ကိစ္စဖြစ်သည်။ ၂၀၁၆- ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများအတွင်း ၎င်းတို့ အုပ်စုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် Genocide Convention အရ လိုက်နာရမည့်တာဝန်များကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူရန်၊ ထပ်မံမဖြစ်ပွားစေရန် အာမခံချက်များပေးရန်၊ နေရပ်စွန့်ခွာခဲ့ရသူများ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒ အလျောက်၊ ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ရေးဆောင်ရွက်ရန်နှင့် ထိခိုက်နစ်နာမှုများအတွက် ပြန်လည်ကုစားပေးရန် စသည်တို့ကို ဆုံးဖြတ်ခဲ့သည့်ကိစ္စဖြစ်သည်။
နိုင်ငံတော်အင်အား
အဆိုပါစီရင်ချက်သည် နိုင်ငံအတွက် အလွန်ကြီးမားသော ဥပဒေရေးရာ၊ သံတမန်ရေးရာနှင့် နိုင်ငံတကာဂုဏ်သိက္ခာဆိုင်ရာ အကျိုးဆက်များ ရှိလာစေမည့် သမိုင်းဝင်ကိစ္စရပ်တစ်ခုဖြစ်သည်။ ယင်းသည် အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ခု၊ မျိုးဆက်တစ်ဆက်အတွက်သာ မတရားဆုံးဖြတ် ခံရခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာနယ်နိမိတ်နှင့် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးစော်ကားလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတည်ရှိနေသရွေ့ မျိုးဆက် အဆက်ဆက် အစဉ်ထိခိုက်ခံစားကြရမည့် မတရားသောဆုံးဖြတ်ချက်၊ စီရင်ချက်ဖြစ်သည်ကို အထူးသတိချပ်မိကြရန်လိုသည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် ပြည်သူလူထု၏ ဂုဏ်သိက္ခာသည် ကင်းကွာ၍ မရကောင်းသောအရာဖြစ်သည်။ နိုင်ငံကိုထိခိုက်လျှင် ပြည်သူကိုလည်းထိခိုက်သည်။ ပြည်သူကိုထိခိုက်လျှင် နိုင်ငံကိုလည်း ထိခိုက်ပါ သည်။ ထို့ကြောင့် ပြည်သူလူထု၏ မှန်ကန်သော အမျိုးသားရေးစိတ်ဓာတ်များကို စည်းလုံးညီညွတ်မှု၊ အသိဉာဏ်ပညာ၊ တရားမျှတမှုနှင့် တာဝန်ယူမှုတို့ ပေါင်းစပ်ပါဝင်သော နိုင်ငံတော်အင်အားတစ်ရပ် ဖြစ်လာအောင် ကြိုးပမ်းကြရန်လိုသည်။
ယနေ့အချိန်ကာလတွင် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ၁၉၂၀ ပြည့်နှစ် အမျိုးသားအောင်ပွဲနေ့တွင် သန္ဓေတည်ခဲ့သည့် တစ်တိုင်းပြည်လုံးပါဝင်လှုပ်ရှားခဲ့သော အမျိုးသား အောင်ပွဲစိတ်ဓာတ်မျိုးကဲ့သို့ မျက်မှောက်ကာလ တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာ အောင်၊ မြန်မာတို့၏နှလုံးသားတွင် ကိန်းဝပ်တည်ရှိ ပြီးဖြစ်သော အမျိုးသားရေးစိတ်ဓာတ်များ အသစ် တစ်ဖန် နိုးကြားတက်ကြွလာအောင် လှုပ်ရှားရမည့် အချိန်ကျရောက်နေသည်ကို ပြည်သူအားလုံးအား အသိပေးတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။