Myanmar National Post

ပြည်မြို့ ခေတ္တရာမြို့သစ်ဈေးနှင့် မြို့မဈေးကြီးတို့၌ အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


ပြည်  ၊ နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ နေ့စဉ် စားသောက်ကုန်စရိတ် သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ တိုက်ရိုက်ရောင်းချပေးနေမှုအား ပြည်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့က ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်မြို့၊ ခေတ္တရာမြို့သစ်ဈေး၌ စားဖိုဆောင်သီးနှံ စိုက်ပျိုးသူများနှင့် တိုက်ရိုက်ချိတ်ဆက်၍ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုကိုလည်းကောင်း၊  မွေးမြူရေးလုပ်ငန်းရှင်များ နှင့် တိုက်ရိုက်ချိတ်ဆက်၍ ပြည်မြို့‌ပေါ်ဈေး(၄)‌ဈေးတို့တွင် ဗမာကြက်နှင့် CP ကြက်သားများကို လည်းကောင်း၊ မြို့မဈေးကြီး၌ ကြက်ဥတို့ကိုလည်း‌ေကာင်း သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ တိုက်ရိုက်ရောင်းချပေးလျက်ရှိရာတွင် မွေးမြူရေးလုပ်ငန်းရှင်နှင့် တိုက်ရိုက်ဆက်သွယ် ရောင်းချသည့် အရောင်းဆိုင်၌ ကြက်ဥ (၁) လုံးလျှင် ငွေကျပ် ၄၅၀ နှုန်းဖြင့် လည်းကောင်း၊ CP ကြက်သား အကောင်လိုက်ဈေးနှုန်းငွေကျပ် ၁၅,၅၀၀ နှင့် အခြမ်းဈေး ငွေကျပ် ၁၇,၅၀၀ နှုန်းဖြင့် လည်းကောင်း၊ ဗမာကြက်သား  အကောင်လိုက်ဈေးနှုန်း ငွေကျပ် ၂၃,၀၀၀ နှင့် အသားဈေး ငွေကျပ် ၂၅,၅၀၀ နှုန်းဖြင့် လည်းကောင်း သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိပြီး၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းရှင်နှင့် တိုက်ရိုက်ဆက်သွယ်ရောင်းချသည့် အရောင်းဆိုင် တွင်လည်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်မျိုးစုံကို တောင်သူလက်ဝယ်မှ တိုက်ရိုက် ရယူကာ ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်သာသော ဈေးနှုန်းများဖြင့်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝဏ္ဏထွန်း 

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post