Xinhua Myanmar

တိမ်ပင်လယ်နှင့် လင်းရောင်ခြည်များ ရောင်ပြန်ဟပ်နေမှုက တိမ်ပေါ် ရှစ်ဆောင်ပဏ္ဏား၏ ခမ်းနားသော တောတောင်အလှအား ဖော်ပြလျက်ရှိ

ရှစ်ဆောင်ပဏ္ဏား (ယူနန်)၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားဒေသ ရှန်ရှီတောင်တွင် တိမ်ပင်လယ်များအပေါ်မှ ရောင်နီပေါ်ထွန်းလာသည်နှင့် ကြုံကြိုက်ခဲ့ပါသည်။ အရုဏ်ဦး နေမင်းကြီး တောင်တန်းများကြားမှ ဖြည်းဖြည်းချင်း မြင့်တက်လာချိန်တွင် ရွှေဝါရောင် လင်းရောင်ခြည်များက တိမ်ပင်လယ်အထပ်ထပ်ကို ထိုးဖောက်သွားပါသည်။  တိမ်လွှာနှင့် မြူနှင်းများက တောင်တန်းများအကြား ရွေ့လျားနေရာ တောင်ထွတ်များက မြုပ်ချည်ပေါ်ချည် ဖြစ်လျက်ရှိပြီး ဖြန့်ခင်းပြသထားသည့် တောတောင်ရေမြေ ပန်းချီကားချပ်အလား လှပတင့်တယ်လှသည်။ ဤနေရာတွင် အပူပိုင်းမိုးသစ်တော၏ ရှုပ်ထွေးဆူညံမှုများနှင့် ကင်းဝေးနေပြီး မြင့်မားသောတောင်တန်းနှင့် တိမ်ပင်လယ်တို့၏ တိတ်ဆိတ်မှုနှင့် ခမ်းနားလှပမှုများကိုသာ တွေ့မြင်နိုင်ပါသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar