
အင်္ဂလန်မှ တစ်ပတ်ရစ်ကား ဝယ်ရောင်းတစ်ဦးက တစ်လအတွင်း ကားအစင်း ၂၀ ရောင်းခဲ့ရပြီးနောက် ၎င်းအတွက် အသားတင် မည်မျှကျန်ကြောင်း YouTube ဗွီဒီယိုတစ်ခုမှတဆင့် ထုတ်ဖော်ပြောပြလာသည်။
အင်္ဂလန်နိုင်ငံ၊ ဒါဘီရှိုင်းယားခရိုင် အခြေစိုက် High Peak Auto အမည်ရှိ ကားဝယ်ရောင်းလုပ်ငန်းသည် ထိုလုပ်ငန်း လုပ်ကိုင်လာခဲ့သည်မှာ အတန်ကြာပြီဖြစ်သည်။ ၎င်း ဝယ်ရောင်းလုပ်ခဲ့သည့် ကားများအကြောင်းကို YouTube တွင် တင်ဆက်ပြသလေ့ရှိသည်။
မကြာသေးမီက YouTube တွင်တင်ခဲ့သည့် ဗွီဒီယိုတစ်ခုတွင် အောက်တိုဘာလ အရောင်းအဝယ်အခြေအနေ၊ အထွေထွေကုန်ကျစရိတ်နှင့် အသားတင် အမြတ်ငွေ မည်မျှရှိသည်တို့ကို အသေးစိတ် ရှင်းပြခဲ့သည်။
သူ၏ ရှင်းပြချက်အရ တစ်ပတ်ရစ်ကား ဝယ်ရောင်းလုပ်ငန်းမှာ လက်တွေ့တွင် မည်မျှ ခက်ခဲကြမ်းတမ်းကြောင်း သိလာရသည်။
((တစ်လအတွင်း ကားအစင်းရေ ၂၀ ရောင်းထွက်ခဲ့))
“ကျွန်တော်က ကားတစ်စင်းရောင်းရရင် ပေါင် ၁,၅၀၀ ကနေ ၁,၉၀၀ ကြား အမြတ်ရအောင် လုပ်ပါတယ်” ဟု ၎င်းက ပြောပြသည်။
အစပိုင်းတွင် ဟန်ကျပုံပေါ်နေသည်။
သူ၏ High Peak ဝယ်ရောင်းလုပ်ငန်းမှ Ford Fiesta၊ Kia Sportage၊ BMW 118၊ Audi TT နှင့် BMW 325 Coupe ကားများ ရောင်းထွက်ခဲ့ပြီး ဈေးကောင်းရခဲ့သည်။
Ford Fiesta မှာ mileage နည်းပြီး အော်တိုဂီယာဖြစ်သည့်အပြင် high-spec ကား ဖြစ်သောကြောင့် ထိုကားမှ မြိုးမြိုးမျက်မျက်ရခဲ့သည်။ သို့သော် Kia Sportage ကားတွင်မူ မရောင်းမီ အတော်ပြင်ပေးခဲ့ရသည်။
ဤသည်မှာ တစ်ပတ်ရစ်ကား ဝယ်ရောင်းတစ်ဦး ဖြတ်သန်းရမှု အခန်းကဏ္ဍတစ်ရပ်ကို ပြသနေခြင်းဖြစ်သည်။ ကားပြင်စရိတ်ကြီး်လျှင် မိမိအတွက် သိပ်မကျန်နိုင်တော့ချေ။

(ဓာတ်ပုံ High Peak Auto)
၎င်းအတွက် အမြတ်ကြမ်းခဲ့သည့် ကားအချို့ ရှိသည်။
၎င်းတို့အနက် Kia XCeed လည်း ပါဝင်သည်။
2,590 သိန်း
1,680 သိန်း
1,580 သိန်း
556 သိန်း
810 သိန်း
3,200 သိန်း
1,380 သိန်း
1,350 သိန်း
Call for Price
3,200 သိန်း
“အဲဒီကားတုန်းက အတော်လေးကျန်တယ်။ အမြတ် ၁၀ ရာခိုင်နှုန်းလောက် ရခဲ့တာပေါ့။”
အခြား အမြတ်များခဲ့သည့် ကားမှာ Ford Mondeo Estate ဖြစ်သည်။ “အဲဒီကားကို ကျွန်တော် ပေါင် ၈,၃၀၀ (ဒေါ်လာ ၁၀,၈၀၀) နဲ့ ထုတ်ခဲ့တာပါ။ ဒါလည်း အတော်ဟုတ်ခဲ့ပါတယ်”
၎င်းက Mercedes C320 Coupe ကို ပေါင် ၁,၀၀၀ ဖြင့် ဝယ်ခဲ့ပြီး ပေါင် ၁,၀၀၀ ထပ်သုံးကာ ပြန်လည်မွမ်းမံသည်။ ထို့နောက် သူ၏ YouTube ချန်နယ်ကို ကာလရှည်ကြာ အားပေးကြည့်ရှုခဲ့သူတစ်ဦးထံ ပေါင် ၃,၀၀၀ ဖြင့် ပြန်လည်ရောင်းထုတ်ခဲ့သည်။
ဤသည်တို့မှာ ၎င်းအတွက် မြိုးမြိုးမျက်မျက်ရှိခဲ့သည့် အရောင်းအဝယ်များ ဖြစ်သည်။ သို့သော် အမြဲတစေကား ထိုသို့ ဟန်မကျလှချေ။
((တကယ်မြတ်တာ ဘယ်လောက်လဲ))
High Peak ဝယ်ရောင်းလုပ်ငန်းသည် Peugeot 208၊ Volkswagen Golf၊ Audi Q3 နှင့် SEAT Ateca များလည်း ရောင်းချခဲ့သည်။ SEAT Ateca မှာ အချိန်အတော်ကြာ ရောင်းမထွက်ဘဲ ပိုက်မိနေခဲ့သည့်အပြင် ပြင်ဆင်စရိတ် ပေါင် ၁,၀၀၀ ခန့် ကုန်ကျခဲ့သဖြင့် ရောင်းထွက်ချိန်တွင် အမြတ်ငွေ မရှိသလောက်နီးပါး ဖြစ်ခဲ့သည်။
တစ်လအတွင်း ကားအစင်း ၂၀ ရောင်းထွက်ခဲ့ရာတွင် ၁၅ စင်းမှာ လက်ငင်းရောင်းချခြင်းဖြစ်ပြီး ကျန် ၅ စင်းမှာ အလဲအထပ်လုပ်ခြင်း (သို့မဟုတ်) အခြားအရောင်းအဝယ်ပုံစံများဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
တစ်လတာ အကြမ်းဖျင်းအမြတ်ငွေ (Gross profit) ပေါင် ၃၄,၆၅၄ (ဒေါ်လာ ၄၅,၄၀၂) ရခဲ့သော်လည်း လုပ်ငန်းလည်ပတ်စရိတ်များနှင့် အထွေထွေစရိတ်များ နှုတ်လိုက်သည့်အခါ ဘာမှ မကျန်တော့ချေ။
((မှတ်ချက်။ ထိုစရိတ်စကများတွင် အရောင်းပြခန်းနေရာငှားရမ်းခ၊ ရေဖိုး၊ မီးဖိုး၊ ဓာတ်ငွေ့ဖိုး (အပူပေးစနစ်အတွက်)၊ အရောင်းတင်ထားသည့်ကားများနှင့် ဝန်ထမ်းများအတွက် အာမခံကြေး၊ ဝန်ထမ်းလစာ၊ စက်ပြင်စရိတ်၊ အစိုးရထံပေးဆောင်ရသည့်အခွန်၊ ကြော်ငြာစရိတ်၊ အင်တာနက်ဖိုး၊ ဖုန်းဘေလ်ဖိုး အစရှိသည်တို့ ပါဝင်နိုင်ပါသည်)
နောက်ဆုံးတွင် စရိတ်စကအားလုံးကို နှုတ်လိုက်ပြီးနောက် အသားတင်အမြတ်ဟူ၍ ပေါင် ၈၅၀ (သို့မဟုတ်) ၁,၁၁၃ ဒေါ်လာသာ ရှိတော့သည်။ ထို့ကြောင့် ပျမ်းမျှအားဖြင့် ကားတစ်စင်း ရောင်းရလျှင် အမြတ်ငွေ ပေါင် ၄၂ ဒသမ ၅ ပေါင် ( ၅၅ ဒေါ်လာ) မျှသာ ရှိသည်။
အင်္ဂလန် ကားဝယ်ရောင်းလုပ်ငန်း ဟန်မကျလှကြောင်း တွေ့ရသည်။
သို့သော် အောက်တိုဘာသည် အရောင်းအဝယ်ခက်ခဲသည့်လဖြစ်ကြောင်း ၎င်းကိုယ်တိုင် ပြောထားရာ အရှုံးမပေါ်ဘဲ အမြတ်အနည်းငယ် ရခဲ့ခြင်းကြောင့် High Peak အနေဖြင့် အလွန်ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Used car dealer sells 20 cars in a month and breaks down the brutal truth of what is left after bills (supercarblondie)