CarsDB

ဘတ်စ်ကားဒရိုင်ဘာတစ်ဦးက နှစ်ပေါင်းများစွာ စုထားသည့် အကြွေစေ့များဖြင့် BMW တစ်စင်း ဝယ်ယူခဲ့ရာ ဘဏ်ဝန်ထမ်းများ ၁၀ နာရီကြာ ရေတွက်ခဲ့ရသည့်ဖြစ်ပုံ

တရုတ်ပြည် အရှေ့ပိုင်း ကွေ့ကျိုးပြည်နယ်၊ ထုံရန် (Tongren) မြို့တွင် နေထိုင်သော ဘတ်စ်ကားယာဉ်မောင်း တစ်ဦးသည် အကြွေစေ့များကို နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့၏။

မျိုးရိုးအမည် “ဟာ” ဟုခေါ်သည့် အမျိုးသားသည် ဘတ်စ်ကား ဒရိုင်ဘာဘဝတစ်လျှောက် ယာဉ်စီးခများမှ ရရှိလာသည့် အကြွေစေ့များကို နေ့စဉ် စုဆောင်းထားခဲ့ခြင်းဖြစ်သည်။

ငွေမည်မျှစုမိနေသည်ကို တကြိမ်မှ ရေတွက်မကြည့်ခဲ့။

၎င်းစုဆောင်းထားသည့် အကြွေစေ့များမှာ တနေ့တခြား များသည်ထက် များလာသဖြင့် အိမ်မှ အခန်းတစ်ခန်း ကို အကြွေစေ့များ သီးသန့်ထားရန် သုံးခဲ့ရသည်။

တနေ့တွင် ယွမ် ၄၈၀,၀၀၀ (ဒေါ်လာ ၇၀,၀၀၀ ခန့်) တန် BMW ကားသစ်တစ်စင်းကို အရောင်းပြခန်းတွင် တွေ့ခဲ့၏။
ထိုအခါ ၎င်းစုဆောင်းထားသော အကြွေစေ့များကို သုံးစွဲရန် အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့သည်။

ကားအရောင်းပြခန်းသို့ မသွားမီ အကြွေစေ့များ ရေတွက်ရန်နှင့် ထုပ်ပိုးရန်အတွက် အလုပ်သမား ၄ ဦး ငှားရမ်းခဲ့ရသည်။
အကြွေစေ့များကို ရေတွက် ထုပ်ပိုးရာတွင် ၄ ရက်ခန့် ကြာမြင့်ခဲ့သည်။

BMW အရောင်းပြခန်းမှ ဝန်ထမ်းများမှာ customer က ငွေသားဖြင့် ငွေချေကာ ဝယ်မည်ဖြစ်ကြောင်း သိလိုက်ချိန်တွင် အလွန်ဝမ်းသာသွားခဲ့ကြသည်။

သို့သော် ငွေပေးချေမည့်ပုံစံကို ၎င်းက ရှင်းပြလိုက်ချိန်တွင်မူ နေရောင်လာသောအခါ ပျောက်ကွယ်သွားသော မြူနှင်းများသဖွယ် ဝန်ထမ်းများ၏ အပျော်များ ချက်ချင်းပြယ်လွင့်သွားခဲ့သည်။

ထိုအမျိုးသားမှာ ကားတစ်စင်းတိုက် အကြွေစေ့များ သယ်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Soueast S09 2025

2,590 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

Toyota Vitz 2006

810 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

အကြွေစေ့ပေါင်း အပြားရေ ၁၅၀,၀၀၀ ခန့်ရှိပြီး အလေးချိန် ၉၀၀ ကီလိုဂရမ်ကျော် (၁ တန်နီးပါး /ပေါင် ၂,၀၀၀ ခန့်) ရှိသည်။

((မှတ်ချက်။ ၉၀၀ ကီလိုဂရမ်မှာ မြန်မာအချင်အတွယ်စနစ်တွင်ဆိုလျှင် ၅၅၁ ပိဿာခန့် ဖြစ်သည်။))

ကားအရောင်းပြခန်းမှာ ဤမျှ များပြားလှသော အကြွေစေ့များကို ရေတွက်နိုင်စွမ်း မရှိသဖြင့် ဘဏ်သို့ အကူအညီတောင်းခဲ့ရသည်။

ဘဏ်က ဝန်ထမ်း ၁၁ ဦးကို အကြွေစေ့ ရေတွက်စက်တစ်လုံးနှင့်အတူ စေလွှတ်ပေးခဲ့သည်။

ဘဏ်ဝန်ထမ်းတို့သည် စားပွဲများပေါ်တွင် အကြွေစေ့များ တောင်ပုံရာပုံ ပုံထားကာ အမျိုးအစားခွဲခြင်း၊ ရေတွက်ခြင်းများ ပြုလုပ်ခဲ့ကြရာ ၁၀ နာရီကျော် ကြာမြင့်ခဲ့သည်။

နောက်ဆုံး ငွေရေတွက်ချိန်တွင် ငွေပေးချေမှု အတည်ပြုချက်ရခဲ့ပြီး ဘတ်စ်ကားယာဉ်မောင်းမှာ ၎င်းမျှော်လင့်ရည်မှန်းထားသည့် ကားသစ်ကြီးကို မောင်းယူသွားနိုင်ခဲ့သည်။

ဘဏ်ဝန်ထမ်းများက တောင်ပုံရာပုံ အကြွေစေ့များ ရေတွက်နေရပုံ ဗွီဒီယိုဖိုင်မှာ တရုတ်ပြည်တဝန်းတွင် သာမက ကမ္ဘာတဝန်းလုံးအထိ ဂယက်ရိုက်ပျံ့နှံ့သွားခဲ့သည်။

အချို့က ကားဆရာကို ချီးကျူးကြသော်လည်း အချို့ကမူ ဘဏ်ဝန်ထမ်းများကို သနားမိကြောင်း မှတ်ချက်ပေးကြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chinese man uses a tonne of cash – literally – to buy US$70,000 BMW (scmp)

မူရင်းသတင်း — CarsDB