
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ယနေ့ (နိုဝင်ဘာ ၂၇ရက်) တွင် PDF အဖွဲ့ဝင် (၃၀) နီးပါး လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအလင်းဝင်ရောက်လာသူများတွင် အမျိုးသား (၂၆) ဦး၊ အမျိုးသမီး (၂) ဦး စုစုပေါင်း (၂၈) ဦး တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှင့်အတူ MA2 (၁) လက်၊ MA11 (၁) လက်၊ AK-47 (၁) လက်၊ M4 (၁) လက်၊ လက်လုပ်သေနတ် (၂) လက်၊ ရှေ့ထွက်မိုင်း (၁) လုံး၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်အိမ် (၁၃) ခု၊ ကျည် (၂၃၀) တောင့်တို့ကို တပ်မတော်ထံ အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါအလင်းဝင်ရောက်လာသူများကို ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုအချိန်အထိ PDF အပါအဝင် လက်နက်ကိုင် သောင်းကျန်းသူ (၆၁၆၀) ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
