
ပုလဲ (NP News) - နိုဝင်ဘာ ၂၇
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ( BGF ) မှ တပ်မှူး ၊ ဒုတပ်မှူး တို့ကို ရာထူးတိုး ခန့်အပ်ကြောင်း ဓာတ်ပုံများ အင်တာနက်ပေါ် ထွက်ပေါ်လျက်ရှိကြောင်းတွေ့ရသည်။
BGF ၏ အမှတ် (၁၀၁၁) တပ်မှူး ဗိုလ်မှူး စောစိုးနိုင်ကို ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ် တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့အတူ အမှတ် (၁၀၂၂) တပ်မှ ဒုတိယတပ်မှူး ဗိုလ်မှူး စောကျော်လင်းဦးကိုလည်း တပ်မှူးအဖြစ် ခန့်အပ်တိုးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါတပ်မှူးနှစ်ဦးကို ယနေ့ (နိုဝင်ဘာ ၂၇ ရက်) မနက်ပိုင်း က ရာထူးအဆင့်တိုးမြှင့် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
အခမ်းအနားသို့ တိုင်းမှူး ဗိုလ်ချုပ် သူရဇော်လွင်စိုး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင့်သူတို့ တက်ရောက်ခဲ့ကြပြီး ခန့်အပ်မိန့်ပေးအပ်ခြင်းနှင့် အဆင့်တံဆိပ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။