
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် YBS တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာယနေ့ (နိုဝင်ဘာ ၂၇ရက်) ၊ ညနေ (၄) နာရီ (၂၁) မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ဆုပန်ရပ်ကွက်၊ သုဝဏ္ဏတံတားအဆင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ YBS ယာဉ်သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မအိမ်ရာ မှ သန်လျင်အရှေ့ပိုင်း တက္ကသိုလ်သို့ ပြေးဆွဲသော YBS ၇၆ ယာဉ်ဖြစ်ပြီး မီးလောင်မှုကို သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးနှင့် သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁၀) မိနစ်အကြာ ညနေ (၄) နာရီ (၃၀) မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။