
ပုလဲ (NP News) - နိုဝင်ဘာ ၂၇
ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၏ ခံစားခွင့်ဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမည်ကြောင်း သိရသည်။