
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နေ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦး တောင်ကြီး တန်ဆောင်တိုင်ပွဲ သွားရောက်လည်ပတ်ရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံး နေကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလျားကျေးရွာအုပ်စု၊ လွယ်မောကျေးရွာနေ ကိုတင်မောင်ထွေး နှင့် ကိုမောင်လေး တို့ နှစ်ဦးသည် နိုဝင်ဘာ ၂၂ ရက်၊ ညနေပိုင်းက တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် အဆက်အသွယ်မရ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သိရသည်။
“၂၂ ရက်၊ ညနေပိုင်း သွားပြီးကတည်းက ပျောက်သွားတာပါ။ ၂၃ ရက်၊ မနက် ၄ နာရီကျော်လောက်တော့ ဖုန်းအဆက်အသွယ် ရတယ်။ မနက် ၇ နာရီလောက် ထပ်ခေါ်တော့ ဖုန်းက စက်ပိတ်သွားပြီ။ အဲဒီကတည်းက ရှာမတွေ့ တော့တာပါ။ ရဲစခန်းမှာ လူပျောက်တော့ သွားပြောထားပါတယ်။ အမှုတော့ မဖွင့်သေးဘူး” ဟု ပျောက်ဆုံးနေသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။
အဆိုပါ ပျောက်ဆုံးနေသူ ကိုတင်မောင်ထွေး နှင့် ကိုမောင်လေး တို့ နှစ်ဦးအား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၇၇၅ ၂၁၃ ၄၂၁ သို့ ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။