Xinhua Myanmar

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ယနေ့တိုင် တည်တံ့နေသော နှစ်ပေါင်းထောင်ချီသက်တမ်းရှိ အမွေအနှစ်နေရာ၌ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာကိုယ်စားလှယ်များ ဆွေးနွေး

တူးကျန်းယန့်မှ မြင်တွေ့ရသည့် တရုတ်နိုင်ငံ၏ မြစ်ကြောင်းစီမံခန့်ခွဲမှုဆိုင်ရာ အမြော်အမြင်ဟူသော Think Tank အစီရင်ခံစာ မိတ္တူများကို တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် တူးကျန်းယန့်မြို့၌ တူးကျန်းယန့် မြစ်ကြောင်းမဟာဗျူဟာဖိုရမ်၏ ပင်မဖိုရမ်ကို စတင်ဖွင့်လှစ်ခဲ့ရာ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ အစိုးရတာဝန်ရှိသူများနှင့် အခြားကိုယ်စားလှယ် စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

ဘီစီ ၂၅၆ ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ယနေ့ထက်တိုင် အသုံးပြုလျက်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တူးကျန်းယန့် ဆည်မြောင်းစနစ်ကြောင့် လူသိများသော အဆိုပါမြို့တွင် စုဝေးရောက်ရှိလာကြသည့် ကိုယ်စားလှယ်များက မြစ်ကြောင်းစီမံခန့်ခွဲမှု အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ရေဖူလုံရေးဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲခြင်းနှင့် ကမ္ဘာ့ယဉ်ကျေးမှုဓလေ့များအကြား အပြန်အလှန်လေ့လာသင်ယူမှု မြှင့်တင်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါဖိုရမ်၌ “တူးကျန်းယန့်မှ မြင်တွေ့ရသည့် တရုတ်နိုင်ငံ၏ မြစ်ကြောင်းစီမံခန့်ခွဲမှုဆိုင်ရာ အမြော်အမြင်” ဟူသော Think Tank အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

တူးကျန်းယန့် ဆည်မြောင်းစနစ်မှာ ကမ္ဘာပေါ်တွင် ယနေ့ထက်တိုင် အသုံးပြုနေဆဲဖြစ်သည့် တစ်ခုတည်းသော ရှေးဟောင်း ရေအရင်းအမြစ်ထိန်းသိမ်းရေး စီမံကိန်းဖြစ်ပြီး လူသားတို့နှင့် သဘာဝတရားအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်မှု၏ အစောဆုံး အောင်မြင်ဖြစ်ထွန်းခဲ့သည့် လက်တွေ့ကျင့်သုံး ဖော်ဆောင်မှုများအနက် တစ်ခုဖြစ်ကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။ ယင်းအား တည်ဆောက်ခဲ့ခြင်းမှာ တရုတ်လူမျိုးတို့၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု၊ အခက်အခဲများကို ရဲဝံ့စွာရင်ဆိုင်မှု၊ ရှေ့ဆောင်လမ်းပြ ကြိုးပမ်းဆောင်ရွက်လိုသည့် စိတ်ဓာတ်တို့ကို အပြည့်အဝ ထင်ဟပ်ပြသလျက်ရှိသည်။

ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် နည်းလမ်းများ ချမှတ်ဆောင်ရွက်ခြင်း၊ သဘာဝဖြစ်စဉ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ လူသားတို့နှင့် သဘာဝတရား သဟဇာတဖြစ်ခြင်း၊ ပြည်သူများ၏ အကျိုးအတွက် ရေအရင်းအမြစ် စီမံခန့်ခွဲခြင်း စသည့် ရှေးဟောင်းစီမံကိန်းတွင် ကိန်းအောင်းနေသော ဉာဏ်ပညာအမြော်အမြင်များကိုလည်း ထိုအစီရင်ခံစာ၌ အလေးပေးဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာကို ဆင်ဟွာသတင်းဌာန လက်အောက်ရှိ နိုင်ငံတော်အဆင့် အဆင့်မြင့် Think Tank အဖွဲ့တစ်ဖွဲ့ဖြစ်သော ဆင်ဟွာအင်စတီကျုနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန လက်အောက်ရှိ ပြန်ကြားရေးနှင့် အသိပညာပေးရေးစင်တာတို့က ပူးပေါင်းရေးသားပြုစုခဲ့ခြင်းဖြစ်သည်။

အခမ်းအနား၌ စီချွမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဟူယွင် က အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပြည်နယ်အတွင်း ရေအရင်းအမြစ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၌ ယွမ် ၂၈၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂.၇၆ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံခဲ့ရာ မြစ်ချောင်း၊ အင်းအိုင်များ၏ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုတို့တွင် သမိုင်းဝင် တိုးတက်မှုများရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စီချွမ်းပြည်နယ်အနေဖြင့် ရေပေးဝေရေးကွန်ရက် စမ်းသပ်ဇုန်များနှင့် ပင်မရေပေးဝေရေးကွန်ရက် စီမံကိန်းများ တည်ဆောက်မှု အပြည့်အဝ မြှင့်တင်နိုင်ရန် အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်သွားမည်ဖြစ်ပြီး ရေအရင်းအမြစ်ထိန်းသိမ်းရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု လက်တွေ့ဖော်ဆောင်ရာတွင် ပိုမိုပါဝင်အကျိုးပြုနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဟူ က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261126/ac6f5a1d3aa0426c930d939a7ff3e434/c.html

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် တူးကျန်းယန့်မြို့၌ တူးကျန်းယန့် မြစ်ကြောင်းမဟာဗျူဟာဖိုရမ်၏ ပင်မဖိုရမ် ကျင်းပနေသော မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

China Focus: Global delegates discuss water governance at millennia-old living heritage site in southwest China

CHENGDU, Nov. 26 (Xinhua) -- The main forum of the Dujiangyan River Strategy Forum opened Thursday in the city of Dujiangyan, southwest China's Sichuan Province, drawing about 200 scholars, officials and other delegates from home and abroad, organizers said.

Gathered in the city, known for the Dujiangyan irrigation system that was built around 256 BC and remains in use today as part of a UNESCO World Heritage Site, the representatives exchanged river management plans, devised strategies for ensuring water security, and promoted mutual learning among global civilizations.

A think tank report on Chinese wisdom in river governance as seen from Dujiangyan was also unveiled at the forum.

The report noted that the Dujiangyan irrigation system is the only ancient water conservancy project in the world still in use and one of the earliest successful practices of harmonious coexistence between humanity and nature. Its construction fully reflects the Chinese nation's spirit of unremitting self-improvement, fearlessness in the face of difficulties, and pioneering endeavor.

It highlighted the wisdom embodied in the ancient project, such as adapting measures to local conditions, following natural trends, harmony between man and nature, and managing water for the benefit of the people.

The report was co-authored by the Xinhua Institute, a national high-level think tank affiliated with Xinhua News Agency, and the publicity and education center of the Ministry of Water Resources.

Hu Yun, vice governor of Sichuan, said in his address that the province invested 286.9 billion yuan (around 42.76 billion U.S. dollars) in water conservancy from 2021 to 2025, with the ecological protection and governance of rivers and lakes seeing historic improvement.

The province will seize opportunities to fully promote the construction of water network pilot zones and backbone water network projects, and strive to contribute more to the practice of water conservancy quality development, Hu added.

https://english.news.cn/20261126/ac6f5a1d3aa0426c930d939a7ff3e434/c.html

Photo caption 1: This photo shows copies of a think tank report on Chinese wisdom in river governance as seen from Dujiangyan. (Xinhua/Wang Xi)

Photo caption 2: This photo taken on Nov. 26, 2026 shows a scene at the main forum of the Dujiangyan River Strategy Forum in Dujiangyan City, southwest China's Sichuan Province. (Xinhua/Wang Xi)

မူရင်းသတင်း — Xinhua Myanmar