
ယူနန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ပိုင်တိုင်းရင်းသားလူမျိုးစု၏ ရိုးရာလက်မှုပညာရပ်တစ်ခုဖြစ်သည့် ပိုင်ဆေးဆိုးပန်းရိုက်အနုပညာလက်ရာအကြောင်းကို စူးစမ်းလေ့လာနိုင်သည်။ လက်မှုပညာရှင်များသည် အထည်စများကို ချည်နှောင်ခြင်း၊ ခေါက်ခြင်းနှင့် အထည်ဆေးဆိုးခြင်းများ ပြုလုပ်ကာ ထင်ရှားပေါ်လွင်သော မဲနယ်ရောင်နှင့် အဖြူရောင် အနုအရင့်တွဲစပ်မှုများဖြင့် အနုစိတ်လှပသည့် ပုံစံများကို မကြာခဏ ဖန်တီးပြုလုပ်ကြသည်။
တရုတ်နိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသော ရာစုနှစ်များစွာကြာ သက်တမ်းရှိပြီဖြစ်သည့် အဆိုပါလက်မှုပညာသည် လာရောက်လည်ပတ်သူများအား ပိုင်လူမျိုးတို့၏ ယဉ်ကျေးမှုကို စူးစမ်းလေ့လာရန်နှင့် ထူးခြားသော လက်ရာများကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်စေရန် အခွင့်အလမ်းကောင်းတစ်ခု ပေးစွမ်းလျက်ရှိသည်။ (Xinhua)
……………………………………..
(English Version)
Trendy China | Discover the magic of Bai tie-dye in Yunnan
Discover Bai tie-dye, a traditional craft of the Bai ethnic group in southwest China's Yunnan Province. By tying, folding, and dyeing fabric, artisans create intricate patterns, often in striking shades of indigo and white.
Recognized as part of China's national intangible cultural heritage, the centuries-old craft offers visitors a hands-on opportunity to explore Bai culture and create their own unique pieces.