
နယူးယောက်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာခြင်း၊ ရွှေထည်ပစ္စည်း လက်တွေ့ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းနှင့် ကမ္ဘာ့စတော့ရှယ်ယာဈေးကွက် အခြေအနေ တိုးတက်ကောင်းမွန်လာခြင်း စသည့် အကြောင်းရင်းများကြောင့် နိုဝင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ရွှေနှင့်ငွေ အနာဂတ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်ခဲ့ပြီး မကြာသေးမီကစတင်ခဲ့သည့် ပြန်လည်ဦးမော့လာမှုအရှိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန် ကျေးဇူးတော်နေ့ အားလပ်ရက်အပြီး အရောင်းအဝယ်လှုပ်ရှားမှု လျော့နည်းသွားခြင်းက မကြာသေးမီက စတော့ရှယ်ယာဈေးကွက်တွင် အလုံးအရင်းဖြင့် ရောင်းချမှုများကြောင့် အဖိုးတန်သတ္တုများအပေါ် ကျရောက်နေသည့် ဖိအားများကို အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာစေခဲ့သည်။ ထိုနေ့တွင် နယူးယောက် ကုန်စည်ဒိုင် (NYMEX) ၏ ဒီဇင်ဘာလအတွက် ရွှေအနာဂတ်ဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၆၅၀ အထိ ရောက်ရှိခဲ့ပြီး မြင့်တက်မှုနှုန်းမှာ အချိန်အတိုင်းအတာတစ်ခုအတွင်း ၃ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့သည်။ ဒီဇင်ဘာလအတွက် ငွေအနာဂတ်ဈေးနှုန်းမှာမူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄၃.၅ ဒေါ်လာ ရှိခဲ့ပြီး မြင့်တက်မှုနှုန်းမှာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ၈ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့သည်။
အလုံးအရင်းဖြင့် ရောင်းချမှု အားပျော့လာခြင်းနှင့် အပြုသဘောဆောင်သော ရာသီအလိုက်အကြောင်းရင်းများ၏ တွန်းကန်မှုကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းသည် ၁၅ လအတွင်း အနိမ့်ဆုံးအမှတ်မှ ပြန်လည်ဦးမော့လာပြီ ဖြစ်သော်လည်း ဈေးကွက် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဟု အတည်ပြုပြောဆိုရန် စောလွန်းနေသေးကြောင်း သုံးသပ်ချက်များက ထောက်ပြကြသည်။
ရင်းနှီးမြှုပ်နှံမှုဘဏ် အများအပြားနှင့် ဈေးကွက်သုံးသပ်သူများက ရွှေဈေးနှုန်းသည် အလွန်အကျွံရောင်းချခံရသည့် အခြေအနေအပိုင်းအခြားသို့ ရောက်ရှိနေပြီဟု ယူဆကြသော်လည်း ယင်းမှာ ဝယ်ယူရန်အချက်ပြမှု မဟုတ်သည့်အပြင် ဈေးကွက်၏ အလွန်အကျွံ ရောင်းချခံရသည့် ကာလမှာ ရင်းနှီးမြှုပ်နှံသူများ မျှော်မှန်းထားသည်ထက် ပိုမိုကြာရှည်နိုင်ဖွယ် ရှိနေသည်။ (Xinhua)

-----------------------------
(Chinese Version)
国际金价大幅上涨重返3650美元
新华社纽约11月27日电(记者徐静)受美元走软、黄金实物需求回升以及全球股市情绪改善等因素影响,国际黄金和白银期价27日大幅上涨,延续近期反弹趋势。
美国感恩节假期后交易活动减少,一定程度上缓解了近期股市抛售给贵金属带来的承压局面。当日纽约商品交易所12月黄金期价达每盎司3650美元,涨幅一度超过3%。12月白银期价为每盎司43.5美元,涨幅一度超过8%。
有分析指出,受抛售疲劳和积极的季节性因素提振,国际金价已从15个月低点强劲反弹,但现在断言市场触底为时尚早。尽管多家投行和市场分析师认为黄金已进入超卖区域,但这并不代表买入信号,且市场超卖时间可能比投资者预期的要长。(完)
图说1:这是11月18日在美国纽约珠宝黄金市场拍摄的黄金交易标志。新华社记者 张凤国 摄
图说2:这是11月18日在美国纽约珠宝黄金市场拍摄的黄金交易标牌。新华社记者 张凤国 摄