
တွံတေး ၊ နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တွံတေးမြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ ခေတ္တမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းကို၊ မြို့နယ်စည်ပင်သာယာရေးမှ အမှုဆောင်အရာရှိ ဦးဇော်မင်းထွန်းတို့က အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ထွန်းက ဈေးအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဈေးသူ၊ ဈေးသားများ စည်းကမ်းတကျလိုက်နာရေးတို့ကို အသိပညာပေးဆွေးနွေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားကာ ဈေးသူ၊ ဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းကို လေ့ကျင့်သရုပ်ပြသကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြသဆောင်ရွက်နေမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခေတ္တမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးမှ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ရှိသူများပူပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင် တွံတေး
https://t.me/MyanmarNationalPost