Xinhua Myanmar

ဟဲနန်ပြည်နယ် လော့ဟယ်မြို့တွင် အိမ်မွေးတိရစ္ဆာန်စီးပွားရေး ပျိုးထောင်လျက်ရှိ

.

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လော့ဟယ်မြို့ရှိ Petideal တိရစ္ဆာန်အစားအစာ ကုမ္ပဏီ၏ အစားအစာ မြည်းစမ်းသည့်ကြောင်က တိရစ္ဆာန်အစာတစ်မျိုးအား မြည်းစမ်းနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့ဟယ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များတွင် ဟဲနန်ပြည်နယ် လော့ဟယ်မြို့သည် အသားထုတ်ကုန် ထုတ်လုပ်ရေးကွင်းဆက်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို အားပြု၍ အိမ်မွေးတိရစ္ဆာန်စီးပွားရေးကို ယင်းမြို့တစ်မြို့လုံး၏ အဓိကလုပ်ငန်းအဖြစ် သတ်မှတ်ကာ ကျောင်းလျင်ခရိုင်တွင် အဆင့်မြင့် အိမ်မွေးတိရစ္ဆာန်စီးပွားရေး အထူးစက်မှုဥယျာဉ်ကို တည်ထောင်ခဲ့သည်။ ထိုဥယျာဉ်ထဲတွင် သတ်မှတ်ပမာဏနှင့် အထက်ရှိသော လုပ်ငန်းကုမ္ပဏီ ၇ ခု၊ နိုင်ငံတော်အဆင့် အဆင့်မြင့်နည်းပညာသစ် လုပ်ငန်းကုမ္ပဏီ ၄ ခု၊ “အထူးပြု၊ အဆင့်မြင့်၊ ဆန်းသစ်သော” အသေးစားနှင့် အလတ်စား ပြည်နယ်အဆင့်လုပ်ငန်းကုမ္ပဏီ ၁ ခုတို့ကို ဆွဲဆောင်နိုင်ခဲ့ရာ အိမ်မွေးတိရစ္ဆာန်စီးပွားရေး စက်မှုလုပ်ငန်းကွင်းဆက်ပြည့်အစုအဖွဲ့ အဖြစ် တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ကျောင်းလျင်ခရိုင်၏ အိမ်မွေးတိရစ္ဆာန်စီးပွားရေးမှ ထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၂.၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်အဓိကအစားအစာ၊ ကျန်းမာရေးဖြည့်စွက်ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများပါဝင်သော ထုတ်ကုန်ပစ္စည်းအမျိုးအမည် ၁,၀၀၀ နီးပါးကို ထုတ်လုပ်နိုင်ခဲ့သည်။ အိမ်မွေးတိရစ္ဆာန်စီးပွားရေးသည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေသည့် မောင်းနှင်အားအသစ်​ ဖြစ်လာနေပြီဖြစ်သည်။ (Xinhua)

---------------------

(Chinese Version)

河南漯河:培育宠物经济

新华社照片,漯河(河南),2026年11月27日

近年来河南省漯河市依托肉制品全产业链根基,将宠物经济列为全市重点产业链,并在召陵区高标准建设宠物经济专业园区,集聚规上企业7家、国家级高新技术企业4家、省级“专精特新”中小企业1家,逐步形成宠物经济全链条产业集群。

2025年,召陵区宠物经济产值达22亿元,培育近千款产品,覆盖宠物主粮、保健品及相关用品。宠物经济已成为带动当地经济发展的新引擎。

图说1:11月26日,中誉宠物食品(漯河)有限公司的猫咪“试吃员”试吃一款宠物主粮。 新华社记者 李嘉南 摄

图说2:11月27日,华翼之光生物工程(漯河)有限公司工作人员喂鹦鹉试吃一款鸟粮。新华社记者 李嘉南 摄

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လော့ဟယ်မြို့ရှိ ဟွာရိလင်းရောင်ခြည် ဇီဝလုပ်ငန်း (လော့ဟယ်) ကုမ္ပဏီလီမိတက်မှ ဝန်ထမ်းက ငှက်စာတစ်မျိုး စမ်းသပ်စားသုံးရန် ကြက်တူရွေးအား ကျွေးနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar