NP News

အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၅၈)ဦး ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခုကို အတည်ပြုပေး

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၅၈)ဦး ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုကို အတည်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေး၏ အချက်အလက်များအရ သိရသည်။

အဆိုပါ အစည်းအဝေးကို ယမန်နေ့(နိုဝင်ဘာ (၂၇) ရက်) မွန်းလွဲပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ရုံး၌ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးပြီး အတည်ပြုပေးသည့် လုပ်ငန်းများမှာ စားသောက်ကုန်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၈၇၁) သန်း နှင့် ကျပ် (၂,၂ဝဝ) သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၅၈)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၄) ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၂၅) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News