Kanbawza Tai News

ပါကစ္စတန်မှာ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၈ ဦးအထိ ရှိလာ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမှာ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်လုံး ပြိုကျမှု ကြောင့် သေဆုံးသူ ၈ ဦးအထိ ရှိလာပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ် သူတွေကို တတိယမြောက်နေ့အထိဆက်လက်ရှာဖွေ နေပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့မှာ အလောင်း ၃ လောင်းနဲ့ ဒဏ်ရာရသူ ၁၄ ဦးကို အပျက်အစီးတွေအောက်ကနေ ကယ်ထုတ်ခဲ့ပြီး နောက်ထပ် ၂ ရက်အတွင်း အလောင်း ၅ လောင်း ထပ်မံတွေ့ရှိခဲ့ ပါတယ်။ လက်ရှိမှာ လူ ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး အားလုံးကို ရှာဖွေတွေ့ရှိတဲ့အထိ ကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်သွားမယ်လို့ Rescue 1122 အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

ပါကစ္စတန်မှာ ဆောက်လုပ်ရေးလုံခြုံရေးစံနှုန်း အားနည်းတာနဲ့ အရည်အသွေးမကောင်းတဲ့ ဆောက်လုပ်ရေး ပစ္စည်း တွေကြောင့် အဆောက်အအုံပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ကရာချိမြို့ Baloch Colony ဧရိယာမှာ အခုအဆောက်အအုံပြိုကျပြီးနောက် ပေါ့ဆမှုရှိတယ်လို့ ယူဆရတဲ့ တာဝန်ရှိသူ ၁၀ ဦးကျော်ကို ဆိုင်းငံ့ထားပြီး အဆောက်အအုံပိုင်ရှင်ကို ဖမ်းဆီးဖို့လည်း ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။ အနီး ဝန်းကျင်က တခြားအဆောက်အအုံတချို့ကိုလည်း ပိတ်ထားခဲ့ပါတယ်။

လူဦးရေ သန်း ၂၀ ကျော်ရှိတဲ့ ကရာချိမြို့မှာ အရည်အသွေးမကောင်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံတိုးချဲ့တာတွေ၊ အခြေခံအဆောက်အအုံ ယိုယွင်းတာတွေနဲ့ ဆောက်လုပ် ရေး စည်းမျဉ်းတွေကို ထိရောက်စွာ မလိုက်နာစေတာတွေကြောင့် အဆောက် အအုံပြို ကျမှုတွေ ဖြစ်ပွားနေပါတယ်။

ကရာချိမှာ ဖေဖော်ဝါရီလကလည်း ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အဆောက်အအုံပြိုကျပြီး လူ ၁၆ ဦး သေဆုံးခဲ့သလို ၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း လီယာရီမြို့နယ်က ငါးထပ်အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၂၇ ဦး သေဆုံးခဲ့ ပါတယ်။

Ref – CNA

မူရင်းသတင်း — Kanbawza Tai News