ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဥက္ကဋ္ဌ အကာနဲတိုမိုကိုသည် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် အမြင့်ဆုံးလုံခြုံရေးအဆင့်ကို ရယူခဲ့ရကြောင်း သိရသည်။
၄င်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများကို ခံထားရသူဖြစ်ကြောင်း သိရသည်။
ဂျပန်ရဲတပ်ဖွဲ့သည် ဂျပန်နိုင်ငံသားဖြစ်သူ အဆိုပါ ICCအကြီးကဲကိုလုံခြုံရေး အဆင့်ငါးဆင့် သတ်မှတ်ချက်တွင် အမြင့်ဆုံးအကာအကွယ်ပေးနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှာမူ သီးခြားစနစ်တစ်ခုအောက်တွင် ရဲတပ်ဖွဲ့၏ လုံခြုံရေးအစောင့်အရှောက်ကို ရရှိကြသည်။ ICC သည် ၂၀၂၄ ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအတွက် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ၄င်းသည် လက်ရှိအချိန်တွင် ဂါဇာဒေသတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသူဖြစ်သည်။
အမေရိကန်သမ္မတထရမ့်အစိုးရသည် ယခုနှစ်အစောပိုင်းက အကာနဲ နှင့် အဆိုပါတရားရုံး နှစ်ခုစလုံးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ အကာနဲက အမေရိကန်အစိုးရ၏ လုပ်ရပ်ကို "နိုင်ငံတကာ ဥပဒေစနစ်အပေါ် တိုက်ခိုက်မှု" ဟု ဝေဖန်ပယ်ချခဲ့သည်။ အမေရိကန်၊ တရုတ်နှင့် ရုရှား ခေါင်းဆောင်များသည် ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးအပြီး ငြိမ်းချမ်းရေးကြေညာချက်ဟု ခေါ်ဆိုသည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ရာကြေညာချက်တွင် ICC နှင့် အလားတူအဖွဲ့အစည်းများအနေဖြင့် "၎င်းတို့၏ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစားမပြုရ" ဟု ဖော်ပြထားသည်။