Xinhua Myanmar

အစိမ်းရောင် သယ်ယူပို့ဆောင်ရေး စွမ်းအား၊ သန့်ရှင်းသော သယ်ယူပို့ဆောင်ရေး

တရုတ်နိုင်ငံ Tianjin Huaneng Yangliuqing Co-Generation LLC ၏ စက်ရုံဝင်းအတွင်းရှိ စွမ်းအင်သစ် အကြီးစားကုန်တင်ယာဉ်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Tianjin Huaneng Yangliuqing Co-Generation LLC ၏ စက်ရုံတွင် စွမ်းအင်သစ်အကြီးစားကုန်တင်ယာဉ် ၆ စီးကို နိုဝင်ဘာ ၂၇ ရက်တွင် တရားဝင် စတင်အသုံးပြုခဲ့ပြီး အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီလုပ်ငန်းများ၏ ကုန်ပစ္စည်းအမြောက်အမြား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုမည်ဖြစ်သည်။ ယခုအခါ ယင်းစက်ရုံတွင် စွမ်းအင်သစ်အကြီးစားကုန်တင်ယာဉ် ၃၉ စီး အသုံးပြုနိုင်ပြီဖြစ်သည်။ သမားရိုးကျ ဒီဇယ်ဆီသုံး အကြီးစားကုန်တင်ယာဉ်များနှင့် နှိုင်းယှဉ်ပါက စွမ်းအင်သစ် အကြီးစားကုန်တင်ယာဉ်များသည် သယ်ယူပို့ဆောင်ရာတွင်ကာဗွန်ထုတ်လွှတ်မှု သုည ဖြစ်ပြီး ဆူညံသံတိုးသဖြင့် သတ်မှတ်လမ်းကြောင်းအတိုင်း အကြိမ်ရေများစွာ ခေါက်တုံ့ခေါက်ပြန်ပြေးဆွဲရသည့်ခရီးစဉ်များအတွက် အလွန်သင့်လျော်သလို တစ်ချိန်တည်းမှာပင် လုပ်ငန်းများအတွက် လေထုညစ်ညမ်းမှုနှင့် ကာဗွန်ထုတ်လွှတ်မှုများ လျှော့ချနိုင်သောကြောင့် အစိမ်းရောင် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်စနစ်ကို တိုးတက်ကောင်းမွန်စေသည်။

မကြာသေးမီနှစ်များအတွင်း ထျန်းကျင်းမြူနီစပယ် သယ်ယူပို့ဆောင်ရေးကော်မရှင်သည် အဓိကအားဖြင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ၊ သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံ စသည့် အဓိကစက်မှုလုပ်ငန်းကြီးများအတွက် ကုန်ပစ္စည်းအမြောက်အများ သယ်ယူပို့ဆောင်ရာတွင် သန့်ရှင်းသော သယ်ယူပို့ဆောင်ရေးစနစ်များ တည်ဆောက်ရေးကို အမျိုးအစားခွဲကာ ဖော်ဆောင်လျက်ရှိပြီး စွမ်းအင်သစ် အကြီးစားကုန်တင်ယာဉ်များ အသုံးပြုမှု အတိုင်းအတာကို စဉ်ဆက်မပြတ်တိုးချဲ့လျက် ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ Tianjin Huaneng Yangliuqing Co-Generation LLC ၏ စက်ရုံဝင်းအတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စွမ်းအင်သစ် အကြီးစားကုန်တင်ယာဉ်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

............................

(Chinese Version)

绿色运力 清洁运输

新华社照片,天津,2026年11月27日

11月27日,在天津华能杨柳青热电有限责任公司厂区,6台新能源重卡正式投入使用,服务火电企业大宗物料运输。目前,该厂可调配的新能源重卡已达39辆。相比传统柴油重卡,新能源重卡可实现运输环节尾气零排放,噪声更低,适配固定线路、高频往返的作业特点,同时助力企业减污降碳、完善绿色供应链体系。

据了解,近年来,天津市交通运输委员会聚焦火电、钢铁、水泥等重点工业企业,分类推进大宗货物清洁运输体系建设,不断扩大新能源重卡应用规模。

图说1:11月27日在天津华能杨柳青热电有限责任公司厂区内拍摄的新能源重卡。 新华社记者 李然 摄

图说2:11月27日,新能源重卡在天津华能杨柳青热电有限责任公司厂区内进行运输作业。新华社记者 李然 摄

မူရင်းသတင်း — Xinhua Myanmar