Xinhua Myanmar

အီဘိုလာရောဂါ ကာကွယ်ဆေးနှင့် ကုထုံးစမ်းသပ်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန် WHO တိုက်တွန်း

ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် မြို့တော် Bunia တွင် စမ်းသပ်မှုခံသူတစ်ဦးက Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အတွက် အဆိုပြုထားသော ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု ခံယူနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) ၌ ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုသည် ဆက်လက်တည်ရှိနေဆဲဖြစ်ရာ အဆိုပြုထားသော ကာကွယ်ဆေးနှင့် ကုထုံးများ၏ လက်တွေ့စမ်းသပ်မှုကို အရှိန်မြှင့်ဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီက ကျင်းပခဲ့သော အရေးပေါ်ကော်မတီ အစည်းအဝေး၏ အကြံပြုချက်အရ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အသစ်ပြုပြင်ထားသော ရောဂါဖြစ်ပွားမှု တုံ့ပြန်ရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ယခုအကြိမ် အီဘိုလာရောဂါ ကူးစက်မှုသည် “နိုင်ငံတကာက အာရုံစိုက်ရမည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း WHO က ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

အရေးပေါ်ကော်မတီက သိပ္ပံနည်းကျ မှန်ကန်မှု၊ ကျင့်ဝတ်နှင့် လုံခြုံရေးကဏ္ဍများတွင် စံချိန်စံညွှန်းမြင့်မားမှုတို့ကို ထိန်းသိမ်းထားသည့် တစ်ချိန်တည်းတွင် အဆိုပြုထားသော ကာကွယ်ဆေးနှင့် ကုထုံးများ၏ လက်တွေ့စမ်းသပ်မှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ ကော်မတီက ဆေးကုသရေး အဖွဲ့အစည်းများအတွင်း ရောဂါကူးစက်မှု မပြန့်ပွားအောင် ကာကွယ်ရန်နှင့် ရောဂါလက္ခဏာ ပေါ်ပေါက်ချိန်မှ ရောဂါရှာဖွေအတည်ပြုချိန်၊ ထို့နောက် အထောက်အကူပြု ကုသမှု ရရှိသည့်အချိန်အထိ ကြန့်ကြာမှုကို လျှော့ချသင့်ကြောင်း ပြောကြားခဲ့သည်ဟု ကြေညာချက်က ဆိုထားသည်။

ကွန်ဂိုနိုင်ငံ (DRC) တွင် လူနာအသစ် ပေါ်ထွက်မှု သို့မဟုတ် လူမှုအသိုက်ဝန်းအတွင်း ရောဂါကူးစက်မှု ပိုမိုပြင်းထန်လာသည့် ဒေသများ၌ တုံ့ပြန်မှုအစီအမံများ အားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း  အသစ်ပြင်ဆင်ထားသော အကြံပြုချက်တွင် WHO က ထောက်ပြထားသည်။ အခြားနိုင်ငံများအတွက်မူ ရောဂါကူးစက်ပျံ့နှံမှုအန္တရာယ်ကို လျှော့ချရန်အတွက် ဗိုင်းရပ်စ်နှင့် ထိတွေ့ခဲ့ဖွယ်ရှိသော ခရီးသည်များကို ခွဲခြားဖော်ထုတ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ လုပ်ဆောင်ရန် ပစ်မှတ်ထားသည့် အစီအမံများ ချမှတ်ရန် WHO က အကြံပြုထားသည်။

နိုဝင်ဘာလ ၂၄ ရက်ထိ ကွန်ဂိုနိုင်ငံ (DRC) တွင် အစီရင်ခံတင်ပြသော အီဘိုလာရောဂါ ကူးစက်သည့် လူနာအရေအတွက် ၁၂,၀၀၀ ကျော်နှင့် သေဆုံးလူနာ အရေအတွက် ၅,၉၀၀ ရှိလာပြီ ဖြစ်ကြောင်း၊ ဒေသတွင်း လုံခြုံရေး အခြေအနေသည် ဆက်လက် ဆိုးရွားနေဆဲဖြစ်ပြီး ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြင်းထန်စွာ အဟန့်အတား ဖြစ်စေကြောင်း၊ ယင်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်နိုင်မှုအပြင် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၏ လုံခြုံရေးကိုပါ တိုက်ရိုက်ထိခိုက်နေကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် မြို့တော် Bunia ရှိ အီဘိုလာရောဂါ ကုသမှုစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ပိုးသတ်မှုလုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

世卫组织呼吁加快埃博拉疫苗和疗法试验

新华社日内瓦11月27日电(记者王露)世界卫生组织27日表示,刚果(金)本轮埃博拉疫情持续,应加快候选疫苗和疗法的临床试验。  

世卫组织在官网发布声明说,根据近期紧急委员会会议建议,世卫组织总干事谭德塞发布了更新的疫情应对建议,同时判定本轮由本迪布焦型埃博拉病毒引发的埃博拉疫情仍构成“国际关注的突发公共卫生事件”。  

声明说,紧急委员会呼吁在科学、伦理和安全方面保持高标准的同时,加快候选疫苗和疗法的临床试验。委员会表示,应防止疫情在医疗机构内传播,并减少从症状出现到得到诊断和获得支持性治疗之间的延迟。  

世卫组织在更新后的建议中提出,在刚果(金)出现新病例或社区传播加剧的地区,应加强应对措施。对于其他国家,世卫组织建议采取针对性措施,识别和评估可能接触过病毒的旅行者,以降低疫情扩散风险。  

声明说,截至11月24日,刚果(金)已报告超过1.2万例埃博拉病例和5900例死亡。当地安全局势依然严峻,严重阻碍了疫情防控工作,直接影响了人道主义援助进入以及患者、医务人员、救援人员和医疗设施的安全。(完)

图说1:2026年10月23日,在刚果(金)伊图里省首府布尼亚,一名临床试验受试者接种本迪布焦型埃博拉病毒候选疫苗。新华社发

图说2:2026年10月12日,在刚果(金)伊图里省首府布尼亚的一所埃博拉治疗中心,医护人员进行消杀工作。新华社发

မူရင်းသတင်း — Xinhua Myanmar