
တံတား ၊ နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့သို့ ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆရာဝန်များသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန် လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းများကို ယနေ့နံနက် (၁၀)နာရီက တံတားမြို့ ပြည်သူ့ဆေးရုံတွင် ကွင်းဆင်းကုသ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါသန်လျင်မြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ ဆေးကုသရေး အစီအစဉ်တွင် တံတားမြို့ပေါ်သာမက အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများ လာရောက်ပြသခဲ့ပြီး ဆေးပညာ (၈၂)ဦး၊ ခွဲစိပ် (၈)ဦး၊ သားဖွားမီးယပ် (၆၀)ဦး၊ ကလေး (၁၄)ဦး၊ အရိုး (၁၄၃)ဦး၊ မျက်စိ (၁၁၅)၊ နား၊ နှာခေါင်း၊လည်ချောင်း (၃၀)ဦး၊ သွားကျန်းမာရေး (၃၃)ဦး၊ အရေပြား (၃၄)ဦး၊ Ultra-sound ရိုက်၍ ရောဂါရှာဖွေခြင်း (၃)ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၅၂၂)ဦးတို့ ဆေးကုသခံယူခဲ့ရာ တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှူရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ
https://t.me/MyanmarNationalPost