Xinhua Myanmar

တရုတ်နိုင်ငံရှိ အပန်းဖြေဥယျာဉ်တစ်ခုက ဂန္ဓမာပန်းများကို ရေအောက်တွင် ခင်းကျင်းပြသ


ခိုင်းဖုန်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ခိုင်းဖုန်းမြို့ရှိ Millennium City Park အပန်းဖြေဥယျာဉ်သည် ၎င်း၏ ရေအောက် ဂန္ဓမာပန်းခင်းကျင်းပြသမှုကြောင့် အွန်လိုင်းပေါ်တွင် ရေပန်းစားလျက်ရှိပြီး လာရောက်လည်ပတ်သူများကို ပန်းချီဆရာကြီး မိုနေး၏ ပန်းချီကားတစ်ချပ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရစေသည်။ ခိုင်းဖုန်း မြို့သည် ဤလှပသော ဂန္ဓမာပန်းများကို ရှေးယခင်ကတည်းက စိုက်ပျိုးပြုစုကာ ပွဲတော်များ ကျင်းပလေ့ရှိသည့် အစဉ်အလာကောင်းများကြောင့် တရုတ်နိုင်ငံ၏ “ဂန္ဓမာမြို့” အဖြစ် လူသိများပေသည်။ (Xinhua)

……………………………………..

(English Version)

Chinese theme park takes chrysanthemums underwater

Millennium City Park in Kaifeng, China's Henan, goes viral for its underwater chrysanthemum display, leaving visitors feeling like they've stepped into a Monet painting. Kaifeng is known as China's "Chrysanthemum City", with a long tradition of growing and celebrating these beautiful flowers■

မူရင်းသတင်း — Xinhua Myanmar