
တိုကျို၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထည့်သွင်းအသုံးပြုရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရက ယခုနှစ်ကုန်၌ ပြင်ဆင်မွမ်းမံရန် စဉ်းစားနေသည့် “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” တွင် “သုတေသနပြုလုပ်ပြီး ကောက်ချက်ချရန်” ဟူသည့် အကြောင်းအရာကို ထည့်သွင်းရေးသားရန် စဉ်းစားနေကြောင်း ဂျပန် Ji Ji သတင်းဌာနက ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
သတင်းတွင် ဖော်ပြချက်အရ ဂျပန်အစိုးရသည် ကျွမ်းကျင်သူများအစည်းအဝေးက စုစည်းထားသည့် အကြံပြုချက်များနှင့် အာဏာရပါတီအတွင်း ဆွေးနွေးမှုရလဒ်များအပေါ် အခြေခံ၍ “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” တွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထည့်သွင်းအသုံးပြုရေးဆိုင်ရာ သုတေသနကို စတင်ဆောင်ရွက်ရန် ထည့်သွင်းရေးသားမည့် အသုံးအနှုန်းကို သတ်မှတ်သွားမည်ဖြစ်သည်။
သတင်းများအရ ဂျပန်နိုင်ငံ၏ လက်ရှိ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများနှင့် နှိုင်းယှဉ်ပါက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် ခရီးရှည်ကြာမြင့်စွာ ရေငုပ်သွားလာနိုင်ပြီး အမြန်နှုန်းမြင့်မားသည့်အပြင် တာဝေးပစ်ဒုံးကျည်များအတွက် ဒေါင်လိုက်ပစ်လွှတ်စနစ်များကိုလည်း တပ်ဆင်နိုင်သောကြောင့် ဂျပန်နိုင်ငံက ပြောဆိုထားသည့် “တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း” ကို အားကောင်းစေရန် အသုံးပြုနိုင်သည်။
မကြာသေးမီက ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျိရို ကိုအိဇူမိက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထည့်သွင်းအသုံးပြုရေးကိစ္စကို ဆွေးနွေးရာတွင် “မည်သည့်ရွေးချယ်စရာကိုမျှ ပယ်ဖျက်ထားမည်မဟုတ်” ဟု အကြိမ်ကြိမ် ပြောကြားခဲ့သည်။ ယခုနှစ် အောက်တိုဘာလတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက လွှတ်တော်၌ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အတွင်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထည့်သွင်းအသုံးပြုရေးနှင့် ပတ်သက်၍ “တိကျပြီး လက်တွေ့ကျသည့် ဆွေးနွေးမှုများ” ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်အစိုးရက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထည့်သွင်းအသုံးပြုရေးအပေါ် အပြုသဘောဆောင်သည့် သဘောထားများ ထုတ်ဖော်ပြသလာခြင်းကြောင့် ကျယ်ပြန့်စွာ စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ယခုနှစ် အောက်တိုဘာလတွင် ဂျပန်နိုင်ငံ၏ နျူကလီးယားကဏ္ဍမှ ကျွမ်းကျင်သူများနှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူများ အများအပြားသည် တိုကျိုမြို့၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြပြီး ကာလရှည်ကြာ “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” မူဝါဒကို ကျင့်သုံးလာခဲ့သည့် ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထည့်သွင်းအသုံးပြုခြင်းသည် မူဝါဒ၊ ဘဏ္ဍာငွေ၊ နျူကလီးယားဘေးကင်းလုံခြုံရေး စသည့် ကဏ္ဍများတွင် ပြဿနာများစွာ ရင်ဆိုင်ရမည့်အပြင် ဒေသတွင်း လုံခြုံရေးအခြေအနေနှင့် နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးစနစ်ကိုလည်း ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။
ဂျပန်အရပ်ဘက်အဖွဲ့အစည်းများကလည်း မကြာသေးမီက ဂျပန်နိုင်ငံသား ၄၇,၀၀၀ ဦး၏ ပူးတွဲလက်မှတ်ရေးထိုးထားသည့် အထောက်အထားများကို အစိုးရထံ တင်ပြခဲ့ပြီး ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ခြင်းကို ဆန့်ကျင်ကာ သက်ဆိုင်ရာ အစီအစဉ်များကို ပြန်လည်ရုပ်သိမ်းရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။ (Xinhua)
------------------------------------------
(Chinese Version)
日媒:日拟将研究引入核潜艇写进“安保三文件”
新华社东京11月28日电(记者李子越 陈泽安)日本时事社28日报道,围绕是否引入核动力潜艇一事,日本政府考虑在年内修订的“安保三文件”中写明“启动研究并得出结论”。
报道称,日本政府将根据专家会议汇总的建议和执政党内部讨论结果,确定“安保三文件”中关于启动引入核潜艇研究的表述。
据报道,相比日本现有的柴油动力潜艇,核动力潜艇续航时间长、航速快,可搭载远程导弹垂直发射装置等,可用于强化所谓“反击能力”。
近期,日本防卫大臣小泉进次郎多次表示,在讨论引入核动力潜艇问题时“不排除任何选项”。今年10月,日本首相高市早苗在国会表示,将就自卫队引入核潜艇展开“具体且现实的讨论”。
日本政府对引入核潜艇表露积极态度引发广泛担忧。今年10月,多名日本核领域专家及和平人士在东京举行研讨会,认为对于长期奉行“专守防卫”原则的日本而言,引入核动力潜艇不仅面临政策、资金、核安全等多方面问题,还将严重冲击地区安全环境和国际核不扩散体系。日本民间团体近日向政府递交由4.7万名日本民众联合签名的材料,反对日本拥有核动力潜艇,要求政府撤回相关计划。
图说 :这是4月21日在日本大分县拍摄的陆上自卫队“日出生台演习场”。新华社/共同社