NP News

အီလွန်မတ်စ်၏ Neuralink ဦးနှောက်ချစ်ပ်ပြားကို လက်တွေ့စမ်းသပ်ရန် အမေရိကန်အစိုးရခွင့်ပြု

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉

ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်သလို နည်းပညာလုပ်ငန်းရှင် အီလွန်မတ်စ်ပိုင်ဆိုင်သည့် ဦးနှောက်နှင့် ကွန်ပျူတာချိတ်ဆက်မှုနည်းပညာကုမ္ပဏီ Neuralink ၏ “Link’’ ပရောဂျက်အဓိကအဆင့် လက်တွေ့စမ်းသပ်မှု စတင်ရန် အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနက တရားဝင်ခွင့် ပြုချက် ပေးအပ်လိုက်ပြီဖြစ် ကြောင်းသိရသည်။

အဆိုပါခွင့်ပြုချက်သည် အမေရိကန်နိုင်ငံအတွင်း ဦးနှောက်ထဲသို့ ခွဲစိတ်ထည့်သွင်းရသည့် Brain-Computer Interface(BCI) စက်ပစ္စည်း တစ်ခုအတွက် ပထမဆုံးသော အဓိကအဆင့် လက် တွေ့စမ်းသပ်ခွင့်ရရှိခြင်းလည်း ဖြစ် ကြောင်းသိရသည်။ Neuralink သည် (၂၀၂၃) ခုနှစ် မေလအတွင်းက ကနဦး ဘေးကင်းလုံခြုံမှု စမ်းသပ်ချက်လုပ် ဆောင်ရန် FDA ၏ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ရာ ယခုထပ်မံရရှိသည့် Pivotal Clinical Trial အဆင့်မှာမူ ဆေးဘက် ဆိုင်ရာစက်ပစ္စည်းတစ်ခုကို စီးပွားဖြစ်ဈေးကွက်အတွင်း အများပြည်သူသုံးစွဲခွင့်မပြုမီ ပိုမိုကျယ် ပြန့်သည့် လူနာအရေ အတွက်ဖြင့် ဘေးကင်းစိတ်ချရမှုနှင့် ကုသမှုထိရောက်မှုတို့ကို အပြီးသတ်အတည်ပြုရ သည့်အဆုံးအဖြတ် အဆင့်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါချစ်ပ်ပြားမှာ စမ်းသပ် ဆဲအဆင့်၌သာရှိနေသေးသော်လည်း အဆိုပါခွင့်ပြုချက်ကြောင့် ဈေးကွက်သို့ တရားဝင်ဖြန့်ချိနိုင်ရေးအတွက် အရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်လာခဲ့ကြောင်း သိရသည်။ အကြွေစေ့ အရွယ်အစားသာရှိသည့် ကြိုးမဲ့ N1 ဦးနှောက်ချစ်ပ်ပြားတွင် လူ့ဆံချည်မျှင်ထက် သေးငယ်သော အာရုံခံကြိုးမျှင်ပေါင်း (၆၄)ခုနှင့် လျှပ်စစ်ငုတ်(၁,ဝ၂၄)ခု ထည့်သွင်းတည်ဆောက်ထားသလို R1 ခွဲစိတ်စက်ရုပ်၏အကူအညီဖြင့် ဦးနှောက်၏ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာအစိတ်အပိုင်းအတွင်း ထည့်သွင်းထားသည့် အဆိုပါချစ်ပ်ပြားသည် လူနာ၏ အတွေးအာရုံမှ ထွက်ပေါ်လာသော လျှပ်စစ်အချက်ပြ မှုများကို ဖမ်းယူဘာသာပြန်ပေးပြီး ကွန်ပျူတာ Cursor ရွေ့လျားခြင်း၊ စာရိုက်ခြင်းနှင့် ပြင်ပစက်ရုပ်လက်တံ များထိန်းချုပ်ခြင်းတို့ကို လက်ဖြင့်ထိတွေ့ရန်မလိုဘဲ လုပ်ဆောင်နိုင်စေကြောင်း သိရသည်။ နိုဝင်ဘာလ (၂၀)ရက်မှ(၂၃)ရက်အတွင်းထုတ်ပြန်ခဲ့သည့်စမ်း သပ်မှုမှတ်တမ်းများအရ ကိုယ်တစ်ပိုင်းသေ ဝေဒနာရှင်စမ်းသပ်ခံလူနာတစ်ဦးသည် လက်ကိုင်ခလုတ် တစ်စုံတစ်ရာအသုံးမပြုဘဲ Neuralink ဦးနှောက် ချစ်ပ်ပြား တစ်ခုတည်းဖြင့် နာမည်ကျော် Grand Theft Auto VI ဂိမ်းအတွင်း စပိဘုတ်မောင်းနှင်ခြင်း၊ လေယာဉ်ပျံသန်းခြင်းနှင့် သေနတ်ပစ်ခတ်ခြင်း စသည့် Joystick 2 ခုနှင့် ခလုတ်(၁၂)ခုစာလုပ်ဆောင် ချက်များကို စိတ်ကူးဖြင့် ထိန်းချုပ်ကစားပြ နိုင်ခဲ့ကြောင်း သိရသည်။

(၂၀၂၆)ခုနှစ်အတွင်း အမေရိကန်၊ ကနေဒါ၊ ယူကေနှင့်ယူအေအီး(UAE)နိုင်ငံတို့တွင် စမ်းသပ်ခံလူနာ စုစုပေါင်း(၂၁)ဦးမှ (၂၆)ဦးကျော်အထိ ချစ်ပ်ပြားထည့်သွင်းပြီးစီးခဲ့သည်။ ထို့ပြင် ဦးနှောက်အ မြှေးပါး(Dura)ကိုဖြတ် ထုတ်ရန်မလိုဘဲ အာရုံခံကြိုးမျှင်များကို တိုက်ရိုက်ထိုးသွင်းနိုင်သည့်နည်းပညာ သစ်ကို အောင်မြင်စွာအသုံးပြုနိုင်ခဲ့သကဲ့ သို့ AI Decoderအဆင့်မြှင့်တင်မှုကြောင့် စက်ချိန်ညှိရ သည့်ကြာချိန်ကိုလည်း တစ်ပတ်လျှင် မိနစ်အနည်း ငယ်အထိ လျှော့ချနိုင်ခဲ့ကြောင်းသိရသည်။

zawgyi version

အီလြန္မတ္စ္၏ Neuralink ဦးေႏွာက္ခ်စ္ပ္ျပားကို လက္ေတြ႕စမ္းသပ္ရန္ အေမရိကန္အစိုးရခြင့္ျပဳ

ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၉
ကမာၻေက်ာ္ဘီလ်ံနာတစ္ဦးျဖစ္သလို နည္းပညာလုပ္ငန္းရွင္ အီလြန္မတ္စ္ပိုင္ဆိုင္သည့္ ဦးေႏွာက္ႏွင့္ ကြန္ပ်ဴတာခ်ိတ္ဆက္မႈနည္းပညာကုမၸဏီ Neuralink ၏ “Link’’ ပေရာဂ်က္အဓိကအဆင့္ လက္ေတြ႕စမ္းသပ္မႈ စတင္ရန္ အေမရိကန္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဌာနက တရားဝင္ခြင့္ ျပဳခ်က္ ေပးအပ္လိုက္ၿပီျဖစ္ ေၾကာင္းသိရသည္။
အဆိုပါခြင့္ျပဳခ်က္သည္ အေမရိကန္ႏိုင္ငံအတြင္း ဦးေႏွာက္ထဲသို႔ ခြဲစိတ္ထည့္သြင္းရသည့္ Brain-Computer Interface(BCI) စက္ပစၥည္း တစ္ခုအတြက္ ပထမဆုံးေသာ အဓိကအဆင့္ လက္ ေတြ႕စမ္းသပ္ခြင့္ရရွိျခင္းလည္း ျဖစ္ ေၾကာင္းသိရသည္။ Neuralink သည္ (၂၀၂၃) ခုႏွစ္ ေမလအတြင္းက ကနဦး ေဘးကင္းလုံၿခဳံမႈ စမ္းသပ္ခ်က္လုပ္ ေဆာင္ရန္ FDA ၏ ခြင့္ျပဳခ်က္ရရွိခဲ့ၿပီးျဖစ္ရာ ယခုထပ္မံရရွိသည့္ Pivotal Clinical Trial အဆင့္မွာမူ ေဆးဘက္ ဆိုင္ရာစက္ပစၥည္းတစ္ခုကို စီးပြားျဖစ္ေဈးကြက္အတြင္း အမ်ားျပည္သူသုံးစြဲခြင့္မျပဳမီ ပိုမိုက်ယ္ ျပန႔္သည့္ လူနာအေရ အတြက္ျဖင့္ ေဘးကင္းစိတ္ခ်ရမႈႏွင့္ ကုသမႈထိေရာက္မႈတို႔ကို အၿပီးသတ္အတည္ျပဳရ သည့္အဆုံးအျဖတ္ အဆင့္ျဖစ္ ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါခ်စ္ပ္ျပားမွာ စမ္းသပ္ ဆဲအဆင့္၌သာရွိေနေသးေသာ္လည္း အဆိုပါခြင့္ျပဳခ်က္ေၾကာင့္ ေဈးကြက္သို႔ တရားဝင္ျဖန႔္ခ်ိႏိုင္ေရးအတြက္ အေရးပါသည့္ေျခလွမ္းတစ္ရပ္ျဖစ္လာခဲ့ေၾကာင္း သိရသည္။ အေႂကြေစ့ အ႐ြယ္အစားသာရွိသည့္ ႀကိဳးမဲ့ N1 ဦးေႏွာက္ခ်စ္ပ္ျပားတြင္ လူ႔ဆံခ်ည္မွ်င္ထက္ ေသးငယ္ေသာ အာ႐ုံခံႀကိဳးမွ်င္ေပါင္း (၆၄)ခုႏွင့္ လွ်ပ္စစ္ငုတ္(၁,ဝ၂၄)ခု ထည့္သြင္းတည္ေဆာက္ထားသလို R1 ခြဲစိတ္စက္႐ုပ္၏အကူအညီျဖင့္ ဦးေႏွာက္၏ ကိုယ္လက္လႈပ္ရွားမႈဆိုင္ရာအစိတ္အပိုင္းအတြင္း ထည့္သြင္းထားသည့္ အဆိုပါခ်စ္ပ္ျပားသည္ လူနာ၏ အေတြးအာ႐ုံမွ ထြက္ေပၚလာေသာ လွ်ပ္စစ္အခ်က္ျပ မႈမ်ားကို ဖမ္းယူဘာသာျပန္ေပးၿပီး ကြန္ပ်ဴတာ Cursor ေ႐ြ႕လ်ားျခင္း၊ စာ႐ိုက္ျခင္းႏွင့္ ျပင္ပစက္႐ုပ္လက္တံ မ်ားထိန္းခ်ဳပ္ျခင္းတို႔ကို လက္ျဖင့္ထိေတြ႕ရန္မလိုဘဲ လုပ္ေဆာင္ႏိုင္ေစေၾကာင္း သိရသည္။ ႏိုဝင္ဘာလ (၂၀)ရက္မွ(၂၃)ရက္အတြင္းထုတ္ျပန္ခဲ့သည့္စမ္း သပ္မႈမွတ္တမ္းမ်ားအရ ကိုယ္တစ္ပိုင္းေသ ေဝဒနာရွင္စမ္းသပ္ခံလူနာတစ္ဦးသည္ လက္ကိုင္ခလုတ္ တစ္စုံတစ္ရာအသုံးမျပဳဘဲ Neuralink ဦးေႏွာက္ ခ်စ္ပ္ျပား တစ္ခုတည္းျဖင့္ နာမည္ေက်ာ္ Grand Theft Auto VI ဂိမ္းအတြင္း စပိဘုတ္ေမာင္းႏွင္ျခင္း၊ ေလယာဥ္ပ်ံသန္းျခင္းႏွင့္ ေသနတ္ပစ္ခတ္ျခင္း စသည့္ Joystick 2 ခုႏွင့္ ခလုတ္(၁၂)ခုစာလုပ္ေဆာင္ ခ်က္မ်ားကို စိတ္ကူးျဖင့္ ထိန္းခ်ဳပ္ကစားျပ ႏိုင္ခဲ့ေၾကာင္း သိရသည္။
(၂၀၂၆)ခုႏွစ္အတြင္း အေမရိကန္၊ ကေနဒါ၊ ယူေကႏွင့္ယူေအအီး(UAE)ႏိုင္ငံတို႔တြင္ စမ္းသပ္ခံလူနာ စုစုေပါင္း(၂၁)ဦးမွ (၂၆)ဦးေက်ာ္အထိ ခ်စ္ပ္ျပားထည့္သြင္းၿပီးစီးခဲ့သည္။ ထို႔ျပင္ ဦးေႏွာက္အ ေျမႇးပါး(Dura)ကိုျဖတ္ ထုတ္ရန္မလိုဘဲ အာ႐ုံခံႀကိဳးမွ်င္မ်ားကို တိုက္႐ိုက္ထိုးသြင္းႏိုင္သည့္နည္းပညာ သစ္ကို ေအာင္ျမင္စြာအသုံးျပဳႏိုင္ခဲ့သကဲ့ သို႔ AI Decoderအဆင့္ျမႇင့္တင္မႈေၾကာင့္ စက္ခ်ိန္ညႇိရ သည့္ၾကာခ်ိန္ကိုလည္း တစ္ပတ္လွ်င္ မိနစ္အနည္း ငယ္အထိ ေလွ်ာ့ခ်ႏိုင္ခဲ့ေၾကာင္းသိရသည္။

မူရင်းသတင်း — NP News