Xinhua Myanmar

တရုတ်နိုင်ငံက ဂြိုဟ်တုအသစ် လေးစင်း အာကာသထဲသို့ လွှတ်တင်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအခြေပြု Cloud နည်းပညာ စမ်းသပ်အတည်ပြုရေးဂြိုဟ်တု နှစ်စင်းအပြင် AIRSAT 12 နှင့် AIRSAT 13 ဂြိုဟ်တုတို့ တင်ဆောင်ထားသော Long March-6C သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအသစ် လေးစင်းကို နိုဝင်ဘာ ၂၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါဂြိုဟ်တုများတွင် အာကာသအခြေပြု Cloud နည်းပညာ စမ်းသပ်အတည်ပြုရေးဂြိုဟ်တု နှစ်စင်းအပြင် AIRSAT 12 နှင့် AIRSAT 13 ဂြိုဟ်တုတို့လည်း ပါဝင်သည်။ Long March-6C သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် လွှတ်တင်ခဲ့သည့် ၎င်းဂြိုဟ်တုများသည် ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းများထဲသို့ ဝင်ရောက်သွားခဲ့သည်။ ၎င်းလွှတ်တင်မှုမှာ အပြည့်အဝ အောင်မြင်ခဲ့သည်။

ထိုလွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၆၈၃ ကြိမ်မြောက် ပျံသန်းမှုခရီးစဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

China launches four new satellites into space

TAIYUAN, Nov. 29 (Xinhua) -- China launched four new satellites from the Taiyuan Satellite Launch Center in north China's Shanxi Province on Sunday.

The satellites, including two space-based cloud technology verification satellites and the AIRSAT 12 and 13 satellites, were launched at 11:53 a.m. (Beijing Time) aboard a Long March-6C carrier rocket and entered their planned orbits. The launch mission was a complete success.

The launch marked the 683rd flight mission of the Long March carrier rocket series. ■

Photo caption: A Long March-6C carrier rocket carrying two space-based cloud technology verification satellites and the AIRSAT 12 and 13 satellites blasts off from the Taiyuan Satellite Launch Center in north China's Shanxi Province, Nov. 29, 2026. (Photo by Wang Yapeng/Xinhua)

မူရင်းသတင်း — Xinhua Myanmar