
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံသည် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ စစ်တပ်တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပြီး ၎င်းကဲ့သို့ စေလွှတ်ခြင်းက ဆော်ဒီအာရေဗျနိုင်ငံ၏လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်စစ်တပ်၏မီဒီယာဌာနက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါတပ်ဖွဲ့များ ထွက်ခွာမှုအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်က ရာဝယ်ပင်ဒီမြို့တွင်ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခွာဂျာအာဆစ်ဖ်၊ အခြားသောစစ်ဘက်ဆိုင်ရာနှင့် သံတမန်ရေးရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း Inter-Services Public Relations (ISPR)၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ တပ်ဖွဲ့စေလွှတ်မှုသည် နှစ်နိုင်ငံအကြားသဘောတူညီထားသည့် ကတိကဝတ်များနှင့် တည်ထောင်ထားသော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ISPR ကဖော်ပြခဲ့သလို တပ်ဖွဲ့ဝင်များသည် ဆော်ဒီအာရေဗျနိုင်ငံပိုင်နက်အတွင်း၌ ၎င်းတို့ကိုပေးအပ်ထားသည့် တာဝန်များကိုထမ်းဆောင်သွားမည်ဟု ထပ်လောင်းဖော်ပြထားသည်။
အဆိုပါ တပ်ဖွဲ့စေလွှတ်မှုသည် ဆော်ဒီအာရေဗျနိုင်ငံ၏လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထောက်ပံ့ကူညီမည့် ပါကစ္စတန်၏ ရေရှည်ကတိကဝတ်ကိုထင်ဟပ်နေသလို ပြောင်းလဲဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအကြားမှ ဆော်ဒီအာရေဗျနိုင်ငံ၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းအတွက်လည်း အထောက်အကူပြုလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အဆိုပါအခမ်းအနားက ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြားမှ ရင်းနှီးပြီးရေရှည်တည်တံ့သော ဆက်ဆံရေးများကို မီးမောင်းထိုးပြနေသလို နှစ်နိုင်ငံစလုံးသည် ကာကွယ်ရေးနှင့် အခြားသောကဏ္ဍများတွင် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားလျက်ရှိသည်။ (Xinhua)
...................................
(English version)
Pakistan sends troops to Saudi Arabia under defense cooperation framework
ISLAMABAD, Nov. 29 (Xinhua) Pakistan has sent a contingent of army troops to Saudi Arabia under the framework of bilateral defense cooperation, reaffirming its commitment to Saudi Arabia's security and territorial integrity, the Pakistani military's media wing said on Sunday.
A send-off ceremony was held in Rawalpindi on Saturday, attended by Pakistan's Defense Minister Khawaja Asif and other senior military and diplomatic officials, the Inter-Services Public Relations (ISPR) said in a statement.
The ISPR said the deployment was being carried out under agreed commitments and the established framework of defense cooperation between the two countries, adding that the troops would perform their assigned duties within Saudi territory.
According to the statement, the deployment reflects Pakistan's longstanding commitment to supporting Saudi Arabia's security, sovereignty and territorial integrity, while also contributing to the kingdom's defensive capabilities amid evolving security concerns.
The ceremony also highlighted the close and longstanding ties between Pakistan and Saudi Arabia, with the two countries maintaining extensive cooperation in defense and other fields. ■
Photo caption: Pakistani soldiers march during the Republic Day parade in Islamabad, capital of Pakistan, March 23, 2019. (Xinhua/Ahmad Kamal)