NP News

နော်ဝေးလေကြောင်းလိုင်းတစ်ခုက ဒေဝါလီခံရနိုင်ခြေနှင့်ပတ်သက်ပြီး သတိပေး

Pika (NP News) - နိုဝင်ဘာ ၂၉

နော်ဝေးနိုင်ငံအခြေစိုက် ဈေးနှုန်းသက်သာ သောလေကြောင်းလိုင်း Norse Atlantic Airways က ၎င်း၏လေကြောင်းပြေးဆွဲမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး အရေးပေါ်ငွေကြေးထောက်ပံ့မှုမရရှိပါက ဒေဝါလီခံရန် အတွက် လျှောက်ထားရလိမ့်မည်ဟု သတိပေးပြောဆိုခဲ့သည်။ ဥရောပလေကြောင်းလိုင်းများ အနေဖြင့် လက်ရှိအချိန် တွင် လေယာဉ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းနှင့် ရုရှားလေပိုင်နက်ကို ရှောင်ကွင်းပျံသန်းရမှုကြောင့် ကုန်ကျစရိတ် ပိုမိုများပြားလာသည့်အကျပ်အတည်းနှင့် ရင်ဆိုင်နေ ရချိန်တွင် ယခုကဲ့သို့ပြောဆိုချက်များ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

နော်ဝေးနှင့် အခြားဥရောပနိုင်ငံများက ရုရှားလေယာဉ်များကို ၎င်းတို့၏လေပိုင်နက်အတွင်း ဝင်ရောက် ခွင့်ပိတ်ပင်လိုက်ပြီးနောက် (၂၀၂၂)ခုနှစ်တွင် ရုရှားအစိုးရကလည်း လေကြောင်းပျံသန်း မှုဆိုင်ရာကန့်သတ်ချက်များကို ပြန်လည်ချမှတ်ခဲ့သည်။ လေကြောင်းဆိုင်ရာအချက်အလက်ကုမ္ပဏီ Skailark ၏အဆိုအရ ဥရောပနှင့်အရှေ့မြောက် အာရှ ကြားခရီးစဉ်များတွင် ရုရှားလေပိုင်နက်ကို ရှောင်ကွင်းပျံ သန်းသောလေကြောင်းလိုင်းများသည် ရုရှားလေပိုင် နက်ကိုဖြတ်သန်းပျံသန်းသည့် အခြားလေကြောင်းလိုင်းများထက် ခရီးစဉ်တစ်ခုလျှင် လေယာဉ်ဆီ (၁၃ ဒသမ ၈) ရာခိုင်နှုန်း ပိုမိုသုံးစွဲခဲ့ရကြောင်းသိရသည်။

သို့သော်လည်း Norse Atlantic Airways လေ ကြောင်းလိုင်းအနေဖြင့် ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်များတွင် ထပ်တိုးကုန်ကျစရိတ် မည်မျှရှိသည်ကို လက်ရှိ အချိန်အထိ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ထို့ပြင် Norse Atlantic Airways က ၎င်း၏ အရေးကြီးသောဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပေါ်လာရသည့်အကြောင်းရင်းများကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသော်လည်း ယခင်ကမူ လေယာဉ်ဆီ ဈေးနှုန်း မြင့်တက်လာခြင်း၊ လေယာဉ် အသုံးပြုနိုင်မှုလျော့နည်းလာခြင်းနှင့် လုပ်ငန်းလည် ပတ်မှုဆိုင်ရာအနှောင့် အယှက်များကြောင့် ဆုံးရှုံးမှု များတိုးပွားလာကြောင်း ပြောကြားခဲ့ဖူးသည်။

ရိုက်တာသတင်းဌာန၏ဖော်ပြချက်အရ Norse Atlantic Airways သည် လေယာဉ်ဆီဝယ်ယူမှုများအတွက် ဈေးနှုန်းအတက်အကျဒဏ်မှကာကွယ်နိုင်မည့် ငွေ ကြေးဆိုင်ရာစီမံခန့်ခွဲမှု ပြုလုပ်ထားခြင်းမျိုးမရှိသည့်အတွက် ဈေးနှုန်းအပြောင်းအလဲဒဏ်ကို တိုက်ရိုက် ခံစားနေရ ကြောင်းသိရသည်။ ထို့ပြင် လေယာဉ်ဆီ ကုန်ကျစရိတ်မြင့်မားမှုကြောင့် Norse Atlantic Airways သည် လော့စ်အိန်ဂျ လိစ်မြို့သို့ပျံသန်း သည့်နွေရာသီခရီးစဉ်များကို ယခင်က ဖျက်သိမ်းခဲ့ဖူး ကြောင်းလည်းသိရသည်။

(၂၀၂၁)ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Norse Atlantic Airways လေကြောင်းလိုင်းသည် ဈေးနှုန်းသက်သာသည့် ခရီး ဝေးလေ ကြောင်းခရီးစဉ်များကို အဓိကထားဝန်ဆောင် မှုပေးနေခြင်းဖြစ်ပြီး Boeing 787 Dreamliner လေယာဉ်(၁၂)စင်းဖြင့် ဥရောပမြို့ကြီးများကို မြောက်အမေရိက၊ အာဖရိကနှင့်အာရှတိုက်တို့ရှိ နေရာဒေသများနှင့် ချိတ်ဆက်ပျံသန်းလျက်ရှိ ကြောင်းသိရသည်။

zawgyi version

ေနာ္ေဝးေလေၾကာင္းလိုင္းတစ္ခုက ေဒဝါလီခံရႏိုင္ေျခႏွင့္ပတ္သက္ၿပီး သတိေပး

Pika (NP News) - ႏိုဝင္ဘာ ၂၉
ေနာ္ေဝးႏိုင္ငံအေျခစိုက္ ေဈးႏႈန္းသက္သာ ေသာေလေၾကာင္းလိုင္း Norse Atlantic Airways က ၎၏ေလေၾကာင္းေျပးဆြဲမႈမ်ားကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ၿပီး အေရးေပၚေငြေၾကးေထာက္ပံ့မႈမရရွိပါက ေဒဝါလီခံရန္ အတြက္ ေလွ်ာက္ထားရလိမ့္မည္ဟု သတိေပးေျပာဆိုခဲ့သည္။ ဥေရာပေလေၾကာင္းလိုင္းမ်ား အေနျဖင့္ လက္ရွိအခ်ိန္ တြင္ ေလယာဥ္ဆီေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္လာျခင္းႏွင့္ ႐ုရွားေလပိုင္နက္ကို ေရွာင္ကြင္းပ်ံသန္းရမႈေၾကာင့္ ကုန္က်စရိတ္ ပိုမိုမ်ားျပားလာသည့္အက်ပ္အတည္းႏွင့္ ရင္ဆိုင္ေန ရခ်ိန္တြင္ ယခုကဲ့သို႔ေျပာဆိုခ်က္မ်ား ထြက္ေပၚလာ ျခင္းျဖစ္သည္။ ေနာ္ေဝးႏွင့္ အျခားဥေရာပႏိုင္ငံမ်ားက ႐ုရွားေလယာဥ္မ်ားကို ၎တို႔၏ေလပိုင္နက္အတြင္း ဝင္ေရာက္ ခြင့္ပိတ္ပင္လိုက္ၿပီးေနာက္ (၂၀၂၂)ခုႏွစ္တြင္ ႐ုရွားအစိုးရကလည္း ေလေၾကာင္းပ်ံသန္း မႈဆိုင္ရာကန႔္သတ္ခ်က္မ်ားကို ျပန္လည္ခ်မွတ္ခဲ့သည္။ ေလေၾကာင္းဆိုင္ရာအခ်က္အလက္ကုမၸဏီ Skailark ၏အဆိုအရ ဥေရာပႏွင့္အေရွ႕ေျမာက္ အာရွ ၾကားခရီးစဥ္မ်ားတြင္ ႐ုရွားေလပိုင္နက္ကို ေရွာင္ကြင္းပ်ံ သန္းေသာေလေၾကာင္းလိုင္းမ်ားသည္ ႐ုရွားေလပိုင္ နက္ကိုျဖတ္သန္းပ်ံသန္းသည့္ အျခားေလေၾကာင္းလိုင္းမ်ားထက္ ခရီးစဥ္တစ္ခုလွ်င္ ေလယာဥ္ဆီ (၁၃ ဒသမ ၈) ရာခိုင္ႏႈန္း ပိုမိုသုံးစြဲခဲ့ရေၾကာင္းသိရသည္။ သို႔ေသာ္လည္း Norse Atlantic Airways ေလ ေၾကာင္းလိုင္းအေနျဖင့္ ၎၏ ထိုင္းႏိုင္ငံခရီးစဥ္မ်ားတြင္ ထပ္တိုးကုန္က်စရိတ္ မည္မွ်ရွိသည္ကို လက္ရွိ အခ်ိန္အထိ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ Norse Atlantic Airways က ၎၏ အေရးႀကီးေသာဘ႑ာေရး အက်ပ္အတည္း ျဖစ္ေပၚလာရသည့္အေၾကာင္းရင္းမ်ားကို အတိအက် ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳးမရွိေသာ္လည္း ယခင္ကမူ ေလယာဥ္ဆီ ေဈးႏႈန္း ျမင့္တက္လာျခင္း၊ ေလယာဥ္ အသုံးျပဳႏိုင္မႈေလ်ာ့နည္းလာျခင္းႏွင့္ လုပ္ငန္းလည္ ပတ္မႈဆိုင္ရာအေႏွာင့္ အယွက္မ်ားေၾကာင့္ ဆုံးရႈံးမႈ မ်ားတိုးပြားလာေၾကာင္း ေျပာၾကားခဲ့ဖူးသည္။ ႐ိုက္တာသတင္းဌာန၏ေဖာ္ျပခ်က္အရ Norse Atlantic Airways သည္ ေလယာဥ္ဆီဝယ္ယူမႈမ်ားအတြက္ ေဈးႏႈန္းအတက္အက်ဒဏ္မွကာကြယ္ႏိုင္မည့္ ေငြ ေၾကးဆိုင္ရာစီမံခန႔္ခြဲမႈ ျပဳလုပ္ထားျခင္းမ်ိဳးမရွိသည့္အတြက္ ေဈးႏႈန္းအေျပာင္းအလဲဒဏ္ကို တိုက္႐ိုက္ ခံစားေနရ ေၾကာင္းသိရသည္။ ထို႔ျပင္ ေလယာဥ္ဆီ ကုန္က်စရိတ္ျမင့္မားမႈေၾကာင့္ Norse Atlantic Airways သည္ ေလာ့စ္အိန္ဂ် လိစ္ၿမိဳ႕သို႔ပ်ံသန္း သည့္ေႏြရာသီခရီးစဥ္မ်ားကို ယခင္က ဖ်က္သိမ္းခဲ့ဖူး ေၾကာင္းလည္းသိရသည္။(၂၀၂၁)ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ေသာ Norse Atlantic Airways ေလေၾကာင္းလိုင္းသည္ ေဈးႏႈန္းသက္သာသည့္ ခရီး ေဝးေလ ေၾကာင္းခရီးစဥ္မ်ားကို အဓိကထားဝန္ေဆာင္ မႈေပးေနျခင္းျဖစ္ၿပီး Boeing 787 Dreamliner ေလယာဥ္(၁၂)စင္းျဖင့္ ဥေရာပၿမိဳ႕ႀကီးမ်ားကို ေျမာက္အေမရိက၊ အာဖရိကႏွင့္အာရွတိုက္တို႔ရွိ ေနရာေဒသမ်ားႏွင့္ ခ်ိတ္ဆက္ပ်ံသန္းလ်က္ရွိ ေၾကာင္းသိရသည္။

မူရင်းသတင်း — NP News