
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉
(၁၂)ပဲရည်ရွှေကို Rhenium (ရီနီယမ်) သတ္တုမှုန့်ဖြင့်ရောနှောကျိုချက်ပါက (၁၆)ပဲရည်အ ခေါက်ရွှေအဖြစ်သို့ ပြောင်းလဲသွားသည်ဟူသောပြော ဆိုမှုများ လတ်တလော ရွှေဈေးကွက်နှင့်လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိနေကြောင်း သိရသည်။
အဆိုပါလုပ်ဆောင်ချက်သည် ရွှေအရည် အသွေးမြှင့်တင်သည့်နည်းပညာမဟုတ်ဘဲ သာမန် ရွှေစစ်ဆေးရေး စက်များနှင့် ရိုးရာစစ်ဆေးနည်းများကို လှည့်စားသည့် နိုင်ငံတကာရွှေသတ္တုရောစပ်လိမ် လည်မှုတစ်ရပ်သာဖြစ်ကြောင်း ဓာတ်ခွဲခန်းစစ်ဆေး ချက်များနှင့် ဈေးကွက်ကျွမ်းကျင်သူများက အတည် ပြုထားသည်။ နိုဝင်ဘာလတတိယပတ်အတွင်း အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ် ဂျို့ဒ်ပူးမြို့၌ထွက်ပေါ် ခဲ့သောစုံစမ်းဖော်ထုတ်မှုတစ်ရပ်က အာရှရွှေဈေး ကွက်တစ်ခု လုံးကို တုန်လှုပ်စေခဲ့ကြောင်း သိရသည်။
အိန္ဒိယသတင်းစာ Dainik Bhaskar ၏ လက်တွေ့စမ်းသပ်မှုတွင် 24K ရွှေစစ်(၇ ဒသမ ၈၃)ဂရမ်အတွင်း ရီနီယမ်မှုန့်(၁)ဂရမ်နှင့် အခြား သတ္တုစပ်(ဝ ဒသမ ၇၅)ဂရမ်တို့ကိုရောနှောကာ အလေးချိန် (၉ ဒသမ ၅၈)ဂရမ်ရှိ လက်ဝတ်ရတနာတစ်ခု ပြုလုပ်ခဲ့ကြောင်းဖော်ပြထားသည်။ အဆိုပါရတနာတွင် အမှန်တကယ် ရွှေစစ်ပါဝင်မှုမှာ(၈၁ ဒသမ ၇၃) ရာခိုင်နှုန်းသာရှိသော်လည်း တရားဝင်အရည်အသွေး စစ်ဆေးရေးစင်တာတစ်ခုက (၉၁ ဒသမ ၆)ရာခိုင်နှုန်း အဖြစ် တံဆိပ်တုံးခတ်နှိပ်ပေးခဲ့ကြောင်း အိန္ဒိယသ တင်းဌာနကဖော်ပြခဲ့သည်။ ထို့ပြင် နာမည်ကြီးရွှေဆိုင် တစ်ခု၏ XRF ရွှေစစ်စက်ဖြင့် ထပ်မံစစ်ဆေးရာတွင်လည်း ရီနီယမ်ပါဝင်ကြောင်း ဖော်ထုတ်နိုင်ခြင်းမရှိဘဲ ရွှေ(၉၃ ဒသမ ၇၀)ရာခိုင်နှုန်း၊ ငွေ(၅ ဒသမ ၃၉) ရာခိုင်နှုန်းနှင့် ကြေးနီ(ဝ ဒသမ ၉၀)ရာခိုင်နှုန်းဟုသာ မှားယွင်းဖတ်ရှုခဲ့ရာ ရွှေစစ်ဆေးရေးစက်များ၏ မျက်ကွယ်၌ ဖုံးကွယ်နိုင်စွမ်းကြောင့် အဆိုပါသတ္တုမှုန့်ကို အိန္ဒိယဈေးကွက်အတွင်း ကိုယ်ပျောက်မှုန့်ဟု ခေါ် ဝေါ်လျက်ရှိ နေကြောင်း သိရသည်။
အဆိုပါရီနီယမ်မှုန့်များသည် တရုတ်နိုင်ငံဘက်ရှိ ထောက်ပံ့ရေးကွင်းဆက်များမှတစ်ဆင့်ဝင် ရောက်လာဖွယ်ရှိ ကြောင်း စုံစမ်းမှုများက ဖော်ပြထားသည်။ နိုင်ငံတကာ စက်မှုသတ္တုဈေးကွက်တွင် ရီနီယမ် (၁)ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၂,၂၀ဝ) မှ (၆,၅၀ဝ)ကျော်ဝန်းကျင်သာရှိသဖြင့် ရွှေဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ဂရမ်အလိုက် ကုန်ကျစရိတ် အဆမ တန်နိမ့်ကျနေသည်။ အဆိုပါဖြစ်ရပ်နောက်ပိုင်း အိန္ဒိယကျောက်မျက်နှင့် လက်ဝတ်ရတနာပို့ ကုန်မြှင့် တင်ရေးကောင်စီ(GJEPC)က စံချိန်စံညွှန်းသတ် မှတ်ရေးအဖွဲ့(BIS)ထံ ရွှေစစ်ဆေးမှုစနစ်များ အ ဆင့်မြှင့်တင် ရန် နိုဝင်ဘာလအတွင်း တရားဝင် တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ်မှ (၂၀၂၅) ခုနှစ်တွင်ထုတ်ဝေခဲ့သော Journal of Gems & Gemmology သုတေသနစာတမ်း၌လည်း (၉၉၉ ဒသမ ၉) အခေါက်ရွှေတံဆိပ်ရိုက်နှိပ်ထားသည့်ရွှေထည်များအတွင်း အီရီဒီယမ် (Iridium) ဈေးနှုန်းမြင့် တက်လာမှုကြောင့် ၎င်းအစား ရီနီယမ်နှင့် Tungsten (တန်စတင်)တို့ကို အစားထိုးရောစပ် လာကြကြောင်း ဓာတ်ခွဲခန်းသက်သေများဖြင့် မှတ်တမ်းတင်ထားသည်။ ရီနီယမ်သည် လေယာဉ်ဂျက်အင်ဂျင်များနှင့် အပူချိန် မြင့်စက်မှုလုပ်ငန်းများတွင်အသုံးပြုသည့် ရှားပါးငွေ ဖြူရောင် လေးလံသတ္တုတစ်မျိုးဖြစ်သော်လည်း ရွှေ လိမ်လည်သူများက ရီနီယမ်သတ္တုကိုအသုံးချရခြင်းမှာ သိပ်သည်းဆမြင့်မားခြင်း၊ အရည်ပျော်မှတ်ကွာဟမှု ကြီးမားခြင်း၊ XRF ရောင်စဉ်လှိုင်းထပ်မှုနှင့် အက်စစ် ခံနိုင်ရည်ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။
အခေါက်ရွှေ၏သိပ်သည်းဆမှာ 19.32 g/cm³ ရှိပြီး ရီနီယမ်၏သိပ်သည်းဆမှာ 21.01 မှ 21.04 g/cm³ အထိရှိရာ ရွှေထက်ပင် ပိုမိုလေးလံနေသောကြောင့် ကြေးနီနှင့်ငွေကဲ့သို့ ပေါ့ပါးသောသတ္တုများပါဝင်သည့် (၁၂)ပဲရည်ရွှေအတွင်း ရီနီယမ်ရောစပ်လိုက်သောအခါ ပျမ်းမျှ သိပ်သည်းဆမှာ အခေါက်ရွှေနီးပါး ပြန်လည်မြင့်တက်လာပြီး ရိုးရာရေချိန်စစ်ဆေးနည်းများကို လွယ်ကူစွာလှည့်စားနိုင် ကြောင်း ကျွမ်းကျင်သူများ က သုံးသပ်သူများက သုံးသပ်ထားသည်။
ရွှေသည် အပူချိန် (၁,ဝ၆၄)ဒီဂရီစင်တီဂ ရိတ်တွင်အရည်ပျော်သော်လည်း ရီနီယမ်၏ အရည်ပျော်မှတ်မှာ (၃ယ၁၈၆) ဒီဂရီစင်တီဂရိတ်အထိ မြင့်မား နေရာ သာမန်ပန်းထိမ်ဖိုများသည် ရီနီယမ်ကို အရည် ဖျော်နိုင်စွမ်းမရှိသဖြင့် ရွှေနှင့်တစ်သားတည်းပေါင်းစပ် သွားခြင်းမရှိဘဲ ရွှေသားအတွင်းပိုင်း၌ အလွန်သေး ငယ်သောအမှုန်အမွှားများအဖြစ်သာ ခိုအောင်းကျန် ရစ်နေကြောင်းသိရသည်။ ရွှေဆိုင်အများစုအသုံးပြုသည့် XRF စက်များသည် မျက်နှာပြင်အလွှာကိုသာ စစ်ဆေးနိုင်ပြီး ရီနီယမ်၏ X-ray ရောင်စဉ်လှိုင်း များသည် ရွှေ၏ရောင်စဉ်လှိုင်းများနှင့် အလွန်နီးကပ စွာထပ်နေတတ်ပြီး ချိန်ညှိမှုမပြည့်စုံသောစက်များ တွင် ရီနီယမ်၏အချက်ပြလှိုင်းကို ရွှေအဖြစ်မှားယွင်း ပေါင်းထည့်ဖတ်ရှုမိတတ်ရာ ဓာတုတည်ငြိမ်မှု မြင့်မားသောကြောင့် သာမန်မှတ်ကျောက်တိုက် အက်စစ် စစ်ဆေးနည်းများဖြင့်လည်း ဖော်ထုတ်ရန် ခက်ခဲကြောင်း သိရသည်။

zawgyi version
(၁၂) ပဲေ႐ႊကို ရီနီယမ္သတၱဳမႈန႔္ေရာစပ္၍ အေခါက္ေ႐ႊအျဖစ္ လွည့္စားေနမႈေၾကာင့္ အာရွေ႐ႊေဈးကြက္တြင္ စိုးရိမ္မႈမ်ား ျမင့္တက္ေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၉
(၁၂)ပဲရည္ေ႐ႊကို Rhenium (ရီနီယမ္) သတၱဳမႈန႔္ျဖင့္ေရာေႏွာက်ိဳခ်က္ပါက (၁၆)ပဲရည္အ ေခါက္ေ႐ႊအျဖစ္သို႔ ေျပာင္းလဲသြားသည္ဟူေသာေျပာ ဆိုမႈမ်ား လတ္တေလာ ေ႐ႊေဈးကြက္ႏွင့္လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လ်က္ရွိေနေၾကာင္း သိရ သည္။
အဆိုပါလုပ္ေဆာင္ခ်က္သည္ ေ႐ႊအရည္ အေသြးျမႇင့္တင္သည့္နည္းပညာမဟုတ္ဘဲ သာမန္ ေ႐ႊစစ္ေဆးေရး စက္မ်ားႏွင့္ ႐ိုးရာစစ္ေဆးနည္းမ်ားကို လွည့္စားသည့္ ႏိုင္ငံတကာေ႐ႊသတၱဳေရာစပ္လိမ္ လည္မႈတစ္ရပ္သာျဖစ္ေၾကာင္း ဓာတ္ခြဲခန္းစစ္ေဆး ခ်က္မ်ားႏွင့္ ေဈးကြက္ကြၽမ္းက်င္သူမ်ားက အတည္ ျပဳထားသည္။ ႏိုဝင္ဘာလတတိယပတ္အတြင္း အိႏၵိယႏိုင္ငံ ရာဂ်က္စသန္ျပည္နယ္ ဂ်ိဳ႕ဒ္ပူးၿမိဳ႕၌ထြက္ေပၚ ခဲ့ေသာစုံစမ္းေဖာ္ထုတ္မႈတစ္ရပ္က အာရွေ႐ႊေဈး ကြက္တစ္ခု လုံးကို တုန္လႈပ္ေစခဲ့ေၾကာင္း သိရသည္။
အိႏၵိယသတင္းစာ Dainik Bhaskar ၏ လက္ေတြ႕စမ္းသပ္မႈတြင္ 24K ေ႐ႊစစ္(၇ ဒသမ ၈၃)ဂရမ္အတြင္း ရီနီယမ္မႈန႔္(၁)ဂရမ္ႏွင့္ အျခား သတၱဳစပ္(ဝ ဒသမ ၇၅)ဂရမ္တို႔ကိုေရာေႏွာကာ အေလးခ်ိန္ (၉ ဒသမ ၅၈)ဂရမ္ရွိ လက္ဝတ္ရတနာတစ္ခု ျပဳလုပ္ခဲ့ေၾကာင္းေဖာ္ျပထားသည္။ အဆိုပါရတနာတြင္ အမွန္တကယ္ ေ႐ႊစစ္ပါဝင္မႈမွာ(၈၁ ဒသမ ၇၃) ရာခိုင္ႏႈန္းသာရွိေသာ္လည္း တရားဝင္အရည္အေသြး စစ္ေဆးေရးစင္တာတစ္ခုက (၉၁ ဒသမ ၆)ရာခိုင္ႏႈန္း အျဖစ္ တံဆိပ္တုံးခတ္ႏွိပ္ေပးခဲ့ေၾကာင္း အိႏၵိယသ တင္းဌာနကေဖာ္ျပခဲ့သည္။ ထို႔ျပင္ နာမည္ႀကီးေ႐ႊဆိုင္ တစ္ခု၏ XRF ေ႐ႊစစ္စက္ျဖင့္ ထပ္မံစစ္ေဆးရာတြင္လည္း ရီနီယမ္ပါဝင္ေၾကာင္း ေဖာ္ထုတ္ႏိုင္ျခင္းမရွိဘဲ ေ႐ႊ(၉၃ ဒသမ ၇၀)ရာခိုင္ႏႈန္း၊ ေငြ(၅ ဒသမ ၃၉) ရာခိုင္ႏႈန္းႏွင့္ ေၾကးနီ(ဝ ဒသမ ၉၀)ရာခိုင္ႏႈန္းဟုသာ မွားယြင္းဖတ္ရႈခဲ့ရာ ေ႐ႊစစ္ေဆးေရးစက္မ်ား၏ မ်က္ကြယ္၌ ဖုံးကြယ္ႏိုင္စြမ္းေၾကာင့္ အဆိုပါသတၱဳမႈန႔္ကို အိႏၵိယေဈးကြက္အတြင္း ကိုယ္ေပ်ာက္မႈန႔္ဟု ေခၚ ေဝၚလ်က္ရွိ ေနေၾကာင္း သိရသည္။
အဆိုပါရီနီယမ္မႈန႔္မ်ားသည္ တ႐ုတ္ႏိုင္ငံဘက္ရွိ ေထာက္ပံ့ေရးကြင္းဆက္မ်ားမွတစ္ဆင့္ဝင္ ေရာက္လာဖြယ္ရွိ ေၾကာင္း စုံစမ္းမႈမ်ားက ေဖာ္ျပထားသည္။ ႏိုင္ငံတကာ စက္မႈသတၱဳေဈးကြက္တြင္ ရီနီယမ္ (၁)ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ (၂,၂၀ဝ) မွ (၆,၅၀ဝ)ေက်ာ္ဝန္းက်င္သာရွိသျဖင့္ ေ႐ႊေဈးႏႈန္း ႏွင့္ႏႈိင္းယွဥ္ပါက ဂရမ္အလိုက္ ကုန္က်စရိတ္ အဆမ တန္နိမ့္က်ေနသည္။ အဆိုပါျဖစ္ရပ္ေနာက္ပိုင္း အိႏၵိယေက်ာက္မ်က္ႏွင့္ လက္ဝတ္ရတနာပို႔ ကုန္ျမႇင့္ တင္ေရးေကာင္စီ(GJEPC)က စံခ်ိန္စံၫႊန္းသတ္ မွတ္ေရးအဖြဲ႕(BIS)ထံ ေ႐ႊစစ္ေဆးမႈစနစ္မ်ား အ ဆင့္ျမႇင့္တင္ ရန္ ႏိုဝင္ဘာလအတြင္း တရားဝင္ ေတာင္းဆိုခဲ့သည္။
တ႐ုတ္ႏိုင္ငံ ဘူမိသိပၸံတကၠသိုလ္မွ (၂၀၂၅) ခုႏွစ္တြင္ထုတ္ေဝခဲ့ေသာ Journal of Gems & Gemmology သုေတသနစာတမ္း၌လည္း (၉၉၉ ဒသမ ၉) အေခါက္ေ႐ႊတံဆိပ္႐ိုက္ႏွိပ္ထားသည့္ေ႐ႊထည္မ်ားအတြင္း အီရီဒီယမ္ (Iridium) ေဈးႏႈန္းျမင့္ တက္လာမႈေၾကာင့္ ၎အစား ရီနီယမ္ႏွင့္ Tungsten (တန္စတင္)တို႔ကို အစားထိုးေရာစပ္ လာၾကေၾကာင္း ဓာတ္ခြဲခန္းသက္ေသမ်ားျဖင့္ မွတ္တမ္းတင္ထားသည္။ ရီနီယမ္သည္ ေလယာဥ္ဂ်က္အင္ဂ်င္မ်ားႏွင့္ အပူခ်ိန္ ျမင့္စက္မႈလုပ္ငန္းမ်ားတြင္အသုံးျပဳသည့္ ရွားပါးေငြ ျဖဴေရာင္ ေလးလံသတၱဳတစ္မ်ိဳးျဖစ္ေသာ္လည္း ေ႐ႊ လိမ္လည္သူမ်ားက ရီနီယမ္သတၱဳကိုအသုံးခ်ရျခင္းမွာ သိပ္သည္းဆျမင့္မားျခင္း၊ အရည္ေပ်ာ္မွတ္ကြာဟမႈ ႀကီးမားျခင္း၊ XRF ေရာင္စဥ္လႈိင္းထပ္မႈႏွင့္ အက္စစ္ ခံႏိုင္ရည္ရွိျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ အေခါက္ေ႐ႊ၏သိပ္သည္းဆမွာ 19.32 g/cm³ ရွိၿပီး ရီနီယမ္၏သိပ္သည္းဆမွာ 21.01 မွ 21.04 g/cm³ အထိရွိရာ ေ႐ႊထက္ပင္ ပိုမိုေလးလံေနေသာေၾကာင့္ ေၾကးနီႏွင့္ေငြကဲ့သို႔ ေပါ့ပါးေသာသတၱဳမ်ားပါဝင္သည့္ (၁၂)ပဲရည္ေ႐ႊအတြင္း ရီနီယမ္ေရာစပ္လိုက္ေသာအခါ ပ်မ္းမွ် သိပ္သည္းဆမွာ အေခါက္ေ႐ႊနီးပါး ျပန္လည္ျမင့္တက္လာၿပီး ႐ိုးရာေရခ်ိန္စစ္ေဆးနည္းမ်ားကို လြယ္ကူစြာလွည့္စားႏိုင္ ေၾကာင္း ကြၽမ္းက်င္သူမ်ား က သုံးသပ္သူမ်ားက သုံးသပ္ထားသည္။
ေ႐ႊသည္ အပူခ်ိန္ (၁,ဝ၆၄)ဒီဂရီစင္တီဂ ရိတ္တြင္အရည္ေပ်ာ္ေသာ္လည္း ရီနီယမ္၏ အရည္ေပ်ာ္မွတ္မွာ (၃ယ၁၈၆) ဒီဂရီစင္တီဂရိတ္အထိ ျမင့္မား ေနရာ သာမန္ပန္းထိမ္ဖိုမ်ားသည္ ရီနီယမ္ကို အရည္ ေဖ်ာ္ႏိုင္စြမ္းမရွိသျဖင့္ ေ႐ႊႏွင့္တစ္သားတည္းေပါင္းစပ္ သြားျခင္းမရွိဘဲ ေ႐ႊသားအတြင္းပိုင္း၌ အလြန္ေသး ငယ္ေသာအမႈန္အမႊားမ်ားအျဖစ္သာ ခိုေအာင္းက်န္ ရစ္ေနေၾကာင္းသိရသည္။ ေ႐ႊဆိုင္အမ်ားစုအသုံးျပဳသည့္ XRF စက္မ်ားသည္ မ်က္ႏွာျပင္အလႊာကိုသာ စစ္ေဆးႏိုင္ၿပီး ရီနီယမ္၏ X-ray ေရာင္စဥ္လႈိင္း မ်ားသည္ ေ႐ႊ၏ေရာင္စဥ္လႈိင္းမ်ားႏွင့္ အလြန္နီးကပ စြာထပ္ေနတတ္ၿပီး ခ်ိန္ညႇိမႈမျပည့္စုံေသာစက္မ်ား တြင္ ရီနီယမ္၏အခ်က္ျပလႈိင္းကို ေ႐ႊအျဖစ္မွားယြင္း ေပါင္းထည့္ဖတ္ရႈမိတတ္ရာ ဓာတုတည္ၿငိမ္မႈ ျမင့္မားေသာေၾကာင့္ သာမန္မွတ္ေက်ာက္တိုက္ အက္စစ္ စစ္ေဆးနည္းမ်ားျဖင့္လည္း ေဖာ္ထုတ္ရန္ ခက္ခဲေၾကာင္း သိရသည္။