
ဆန်းကျန့်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အကြီးဆုံးနည်းပညာပြပွဲများအနက် တစ်ခုဖြစ်သည့် ၂၈ ကြိမ်မြောက် တရုတ် နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲ (CHTF) ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့ရာ ရည်မှန်းထားသော သဘောတူညီချက်များ၏ တန်ဖိုးမှာ ယွမ် ၁၇၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ကျွမ်းကျင်ပညာရှင်များ အပါအဝင် လာရောက်လေ့လာသူ ၄၈၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့အနက် နိုင်ငံတကာမှ လာရောက်သူ ၄၅,၀၀၀ ကျော် ပါဝင်သည်။ ဝယ်ယူရေးကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း ၁,၃၆၅ ဖွဲ့ တက်ရောက်ခဲ့ကြကာ ဝယ်ယူရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ငွေကြေးထောက်ပံ့ရေးဆိုင်ရာ စီမံကိန်းအရေအတွက် ၅၇၀ ကျော်အတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
သုံးရက်ကြာ ကျင်းပသည့် အဆိုပါပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၂၀ ကျော်မှ ပြခန်းပြသသူ ၅,၀၀၀ ကျော် ပါဝင်ခဲ့ပြီး စုစုပေါင်း စတုရန်းမီတာ ၄၀၀,၀၀၀ ကျယ်ဝန်းသော ပြပွဲဧရိယာတွင် သီးသန့်ပြခန်းကဏ္ဍ ၂၂ ခု စီစဉ်ဖွဲ့စည်းခဲ့သည်။ ပြသထားသည့် ပစ္စည်းများတွင် စက်ပစ္စည်းကြီးများ၊ ခေတ်မီလူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများမှသည် ကွန်ပျူတာ အခြေခံအဆောက်အအုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာများအထိ ပါဝင်သည်။
နည်းပညာနှင့် ထုတ်ကုန်အသစ် ၁၀၀ ကျော်ကို ထိုပြပွဲ၌ ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့ကြပြီး ဖိုရမ်များ၊ မိတ်ဆက်ပွဲများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ၂၀၀ ကျော်ကိုလည်း ကျင်းပခဲ့သည်။
ရုရှား၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်ကိုရီးယားနှင့် စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ပြခန်းပြသရေးကိုယ်စားလှယ်အဖွဲ့များကို စီစဉ်စေလွှတ်ခဲ့ကြသည်။
Nvidia ၊ Foxconn ၊ ဆမ်ဆောင်း၊ တက်စ်လာ၊ မိုက်ခရိုဆော့ဖ်နှင့် Siemens အစရှိသည့် ကမ္ဘာ့ထိပ်တန်းစက်မှုလုပ်ငန်းကုမ္ပဏီကြီးများကလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းအစိတ်အပိုင်းများ၊ ဉာဏ်ရည်တု (AI) ဖြေရှင်းနည်းများ၊ စွမ်းအင်သစ်သုံးစက်ပစ္စည်းများနှင့် စမတ်ဟာ့ဒ်ဝဲ ကဲ့သို့သော နယ်ပယ်များတွင် ဝယ်ယူရန် တိကျသော လိုအပ်ချက်များဖြင့် အဆိုပါပြပွဲသို့ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် အဆိုပါပြပွဲသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဒေသတွင်းစက်မှုလုပ်ငန်းများအတွက် စီးပွားရေးအခွင့်အလမ်းများကိုလည်း ဖန်တီးပေးခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အဆင့် ဒေသပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များသည် ၎င်းတို့၏ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အားသာချက်များကို ပြသရင်း ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာစီမံကိန်းများကို ဆွဲဆောင်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
Intended deals top 175 bln yuan at China Hi-Tech Fair
SHENZHEN, Nov. 28 (Xinhua) -- The 28th China Hi-Tech Fair (CHTF), one of the country's largest technology exhibitions, concluded on Saturday in Shenzhen, south China's Guangdong Province, with intended deals valued at more than 175 billion yuan (about 26 billion U.S. dollars).
The fair attracted more than 480,000 visits by professional visitors, including over 45,000 by international visitors. A total of 1,365 purchasing delegations attended the event, where agreements were inked for over 570 projects covering procurement, investment and financing.
The three-day fair brought together more than 5,000 exhibitors from over 120 countries and regions, with 22 specialized exhibition areas covering 400,000 square meters. Exhibits ranged from major equipment and cutting-edge consumer electronics to computing infrastructure and healthcare technologies.
More than 100 new technologies and products made their debuts at the fair, which also hosted over 200 forums, roadshows and industry summits.
More than 20 countries, including Russia, Brazil, Argentina, the Republic of Korea and Singapore, organized exhibitor delegations.
Global industry leaders, including Nvidia, Foxconn, Samsung, Tesla, Microsoft and Siemens, attended the fair with specific procurement needs in areas such as semiconductor components, artificial intelligence solutions, new energy equipment and smart hardware.
The event also offered business opportunities for small and medium-sized enterprises and regional industries. Delegations from more than 30 provincial-level regions across China sought to attract investment and technology projects while showcasing their own technological innovations and industrial strengths. ■
Photo caption 1: Visitors watch a humanoid robot singing songs during the 28th China Hi-Tech Fair (CHTF) in Shenzhen, south China's Guangdong Province, Nov. 27, 2026. (Xinhua/Liang Xu)
Photo caption 2: People visit a booth showcasing Huawei's HarmonyOS during the 28th China Hi-Tech Fair (CHTF) in Shenzhen, south China's Guangdong Province, Nov. 26, 2026. (Xinhua/Liang Xu)







