Yangon Media Group

အမေရိကန်က အရှေ့အလယ်ပိုင်းတွင် အဆင့်မြင့် THAAD နှင့်အခြားဒုံးကျည်ကာကွယ်ရေးစနစ်များကို ထပ်မံဖြန့်ကျက်နေရာချ

၂၂ အောက်တိုဘာ ၂၀၂၃

ယခုတလော ဒေသအတွင်း အမေရိကန်တပ်များကို တိုက်ခိုက်နေသည့်အပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်က အရှေ့ အလယ်ပိုင်းကို နောက်ထပ် ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်များ ဖြန့်ကျက်နေရာချထားလျှက်ရှိနေပါတယ်။ အစ္စရေး-ဟာမတ် ပဋိပက္ခအတွင်း ဒေသဆိုင်ရာတင်းမာမှုတွေမြင့်တက်လာတဲ့အပေါ် အမေရိကန်အစိုးရက စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ပြောကြား ပြီးနောက် ယခုလို ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်တွေထပ်တိုးချလာတာဖြစ်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်အနေနှင့် တာမင်နယ်မြင့်မားဧရိယာကာကွယ်ရေးစနစ် Terminal High Altitude Area Defence (THAAD) နှင့် နောက်ထပ် ပတ်ထရီရော့လေကြောင်းဒုံးကျည်ကာကွယ်ရေးစနစ်ဘက်တဲလီယမ် Patriot air defence missile system battalions တို့ကို အရှေ့အလယ်ပိုင်းဒေသသို့ပေးပို့မှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။အဆိုပါစနစ်တွေဟာ ဒုံးကျည်ခြိမ်းခြောက် မှုတွေကို ကာကွယ်ဖို့အတွက် အရေးပါတဲ့စနစ်တွေလို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။  

အင်အားကြီးမားလှတဲ့ ရေဒါစနစ်တွေကြောင့် ထင်ရှားတဲ့ THAAD စနစ်ဟာ ဒေသဆိုင်ရာကာကွယ်ရေးမြှင့်တင်ဖို့ ဖြန့်ကျက်နေရာချထားခဲ့ပြီးစနစ်ပါ။

မကြာသေးခင်က ရက်သတ္တပတ်များအတွင်း အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရေတပ်တည်ရှိမှုတွေ တိုးချဲ့ခဲ့ပြီး လေယာဉ်တင်သင်္ဘောနှစ်စီးကိုယင်းတို့ရဲ အထောက်အကူပြု သင်္ဘောတွေနှင့် မရင်းတပ်သား နှစ်ထောင်နီးပါးကို နေရာချထားခဲ့ပြီးဖြစ်ပါတယ်။ သိသာထင်ရှားလှတဲ့ ရေတပ်ဖြန့်ကျက်ထားရှိမှုဟာ ဒေသဆိုင်ရာတင်းမာမှုတွေအပေါ် အမေရိကန်ရဲ့ တုန့်ပြန်မှုတွေထဲက တစ်ခုပါ။

ယခုလိုစစ်အင်အားဖြန့်ကျက်မှုတွေမှာ ရည်ရွယ်ချက်များစွာရှိနေပါတယ်။ ဒေသတွင်း အခြိမ်းအခြောက်အဟန့်အတားတွေ တိုးမြှင့်ဖို့၊ ဒေသထဲက အမေရိကန်တပ်တွေကာကွယ်ရေးတိုးမြှင့်ဖို့နှင့် အစ္စရေးရဲ့ကာကွယ်ရေးကို ပံ့ပိုးပေးဖို့စတာတွေပဲ ဖြစ်ပါတယ်။

Source WION

မူရင်းသတင်း — Yangon Media Group