
အက်စတွန် ဗီလာ အသင်းဟာ ကွင်းလယ်လူ မူဆာ ဒမ်ဘီလီ ကို ဆော်ဒီ ကလပ် အယ်လ် အစ်တီဟတ် အသင်းထံ ယူရို သန်း ၆၀ နဲ့ ရောင်းချ လိုက်ပြီး အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ယိုဝေါင် ဖဲလစ် ကို ခေါ်ယူ အစားထိုးဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။
အဲဗာတန် အသင်း ပိုင်ရှင် မိုရှီရီ ဟာ အသင်းနဲ့ လမ်းခွဲပေးရမယ်ဆိုပါက ပေါင် သန်း ၅၀ အပြင် နောက်ထပ် ၁၀ နှစ် အထိ နှစ်စဉ် အကျိုးခံစားခွင့် ရရှိဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ် ။
မန်ယူနိုက်တက် အသင်းဘက်က ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမယ်လို့ သတင်းထွက်နေပေမယ့် တောင်ပံ ကစားသမား အန်တိုနီ ရဲ့ အေးဂျင့်ကတော့ ဘရာဇီးသားဟာ အိုးထရက်ဖိုဒ့်မှာ ဆက်နေဖို့ ဆန္ဒ ရှိထားတယ်လို့ ပြောဆိုလာခဲ့ပါတယ် ။

ဝက်စ်ဟမ်း အသင်းကတော့ အေစီမီလန် မှာ ကစားနေတဲ့ အင်္ဂလန် နောက်ခံလူ တိုမိုရီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။
ဆော်ဒီ ထိပ်သီး အယ်လ် အစ်တီဟတ် အသင်းဟာ အယ်လ် နက်ဆာ နဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားတဲ့ မန်စီးတီး ဂိုးသမား အီဒါဆင် ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ် ။
ဘိုင်ယန်မြူးနစ် အကြီးအကဲ အူလီဟိုးနက်စ် ကတော့ သူတို့ဟာ ပြင်သစ် ခံစစ်မှူး အပ်ပါမီကာနို ကို ရောင်းချဖို့ အစီအစဉ် မရှိပေမယ့် မန်ယူနိုက်တက် နဲ့ သတင်းထွက်နေတဲ့ နယ်သာလန် ခံစစ်မှူး ဒီလစ် ကတော့ အသင်းပြောင်းရွှေ့နိုင်တဲ့ အလားအလာ ရှိတယ်လို့ ပြောဆိုသွားခဲ့ ပါတယ် ။

နယူးကာဆယ် နောက်ခံလူ ထရစ်ပီယာ ကတော့ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လဟာ ကို အက်သလက်တီကို မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ အကြံပြု တိုက်တွန်းနေတယ်လို့ သိရပါတယ် ။
အာဆင်နယ် အသင်းကတော့ ဝုဗ် အသင်းရဲ့ ဂိုးသမား ဒန် ဘန်တလေ ကို ပေါင် ၃ သိန်း နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရှိရပါတယ် ။

ဖူလ်ဟမ် နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတွေက စိတ်ဝင်စားနေပေမယ့် မန်ယူနိုက်တက် ဟာ ကွင်းလယ်လူ တော်မီနေး ကို ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ကြားသိရပါတယ် ။
ရီးရဲမက်ဒရစ် အသင်းဟာ ခံစစ်မှူးကြီး နာချို ဖာနန်ဒက်စ် အတွက် နှုတ်ဆက်ပွဲကို လာမယ့် ဇူလိုင် ၂၄ ရက်နေ့ မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ် ။
SPORTS MYANMAR