
မန်စီးတီးအသင်းက ပြီးခဲ့တဲ့ရာသီ ဂျီရိုနာအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဆယ်ဗင်ညိုကို ခေါ် ယူထားပါတယ်။ အသက် (၂၂)နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်က ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး (၁၁)ဂိုး၊ ဖန်တီးမှု (၁၀)ကြိမ်နဲ့ ဂျီရိုနာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ မန်စီးတီးကစားသမားသစ်ဖြစ်လာတဲ့ ဆယ်ဗင်ညိုရဲ့ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ်။