
အမ်ဘာပေနှင့် ပတ်သက်ပြီး မိမိကတော့ "လူသားပဲ၊ လူသားအတ္တတော့ ရှိမှာပေါ့"ဆိုသည့် ဘက်ကနေ အမြဲလိုက်စဉ်းစားကြည့်လေ့ရှိသည်။ ယခင်ကလည်း ပြောဖူးသည်၊ အမ်ဘာပေက နည်းပြလဲခွင့်တို့၊ အမ်ဘာပေက သူ့စိတ်ကြိုက်ကစားသမားကို ခေါ်ခိုင်းခွင့်တို့ဆိုသည့် ကိစ္စတွေက Lazyu Journalism ကနေ ဆင်းသက်လာပြီး လူတွေကြားထဲ စိမ့်ဝင်သွားသည့် ကိစ္စကြီးဖြစ်သည်။