Eleven Media Group

မန်ချက်စတာမြို့ကိုရောက်လာတဲ့ ပြင်သစ်နောက်ခံကျောက်ဆောင်

Photo : Getty Images

ပြီးခဲ့တဲ့ ရက်သတ္တပတ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုင်လီအသင်းရဲ့ ပြင်သစ်လူငယ်နောက်ခံလူ လီနီယိုဟိုကို ခေါ်ယူခဲ့တယ်။ ယိုဟိုအတွက် မန်ချက်စတာယူနိုက်တက်အသင်း ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက ပေါင် (၅၂)သန်းဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်။ မော်ဒန်ဘောလုံးခေတ်မှာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားတစ်ယောက်အတွက် ဒီနှုန်းထားဟာ များပြားလွန်းတဲ့ ပမာဏတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ကျွမ်းကျင်သူတွေကတော့ ယိုဟိုအနေနဲ့ ပရီးမီးယားလိဂ်မှာတောက်ပလာနိုင်တယ်လို့ သုံးသပ်ခဲ့ကြတယ်။

မူရင်းသတင်း — Eleven Media Group