
လီဗာပူးဟာ ဆိုဒီဒက် တောင်ပံ ကစားသမား ကူဘိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလာတယ်လို့ သိရပြီး အခုဆိုရင် ဂျပန်စတားရဲ့ ပေါင်သန်း ၅၀ တန် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေရန် ဆန္ဒရှိနေပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ နီးစပ်သူတွေကတော့ အပြောင်းအရွေ့ ကိစ္စ ဖြစ်လာရန် နီးစပ်မှု မရှိသေးဘူးလို့ ဆိုထားပါတယ်။

လီဗာပူးဟာ ကာဗယ်ဟိုရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ မန်နေဂျာ ဆလော့ဟာ ကာဗယ်ဟိုရဲ့ ရာသီကြိုကာလ စွမ်းဆောင်ရည်ကို အကဲဖြတ်သွားပြီးမှသာ အနာဂတ်ကို အဆုံးအဖြတ် ပေးဖို့ ရည်ရွယ်ထားပါတယ်။
အန်သိုနီဂေါ်ဒွန်ဟာ အင်္ဂလန် camp မှာတုန်းက သူ့ရဲ့ boyhood ကလပ် လီဗာပူးကို ပြောင်းရွေ့မယ့် ကိစ္စ ဖြစ်လာလိမ့်မယ်ဆိုပြီး အသင်းဖော်တွေကို ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကစားသမားရဲ့ ကိုယ်စားလှယ်က အပြောင်းအရွေ့ ဖြစ်လာရန် ပြီးခဲ့တဲ့ ဇွန်လကုန်က ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။
လီဗာပူး နည်းပြ အာနာဆလော့ဟာ နေရာ ၂ နေရာကို အားဖြည့်ပေးရန် လီဗာပူးကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဆလော့ဟာ ခံစစ် နဲ့ ကွင်းလယ်ကို ဦးစားပေး အနေနဲ့ အားဖြည့်လိုနေပါတယ်။
နာမည်ကြီး ဂျာနယ်လစ် ဒီမာဇီယိုက “ကျနော်ကတော့ ဗန်ဒိုက် အနေနဲ့ ဒီနွေရာသီမှာ လီဗာပူးကနေ ထွက်ခွာလိမ့်မယ်လို့ မထင်မိပါဘူး။ သူ့အနေနဲ့ အခြား ပရီးမီးယားလိဂ် ကလပ်အတွက် ကစားပေးလိမ့်မယ်လို့လည်း ကျနော် မထင်မိပါဘူး။ ကျနော်တို့ ဆော်ဒီရဲ့ ကမ်းလှမ်းမှုတွေကို မြင်တွေ့ရနိုင်ပါတယ်။ သူ့ဘက်ကတော့ ဥရောပမှာ ဆက်နေမလား အဲဒီကမ်းလှမ်းချက်ကို လက်ခံသွားမလားဆိုတာတော့ ကျနော်လည်း မသိပါဘူး။”
ဂျေဒန်ဒန်းနဲ့ ဘော်ဘီကလပ် တို့ကတော့ ဒဏ်ရာတွေကြောင့် လီဗာပူးရာသီကြို ခရီးစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒန်းဟာ ကျောမှာ ဒဏ်ရာ ရနေတာ ဖြစ်ပြီး ကလပ် ကတော့ ကာဘီမှာ rehab လုပ်ဆောင်နေပါတယ်။
လီဗာပူး တောင်ပံ ကစားသမား ခိတ်ဂေါ်ဒွန်ကို ချန်ပီယံရှစ်ကလပ် ငါးခုက အငှား သို့ အပြီးသတ် ခေါ်ယူသွားရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂေါ်ဒွန်ကတော့ ဆုံးဖြတ်ချက် ချသွားဖို့ အတွက် လီဗာပူးရဲ့ plan ကို ကြားဖို့ စောင့်ဆိုင်းနေပါတယ်။
လီဗာပူးဟာ နောက်ခံလူ ဆက်ဗန်ဒန်ဘက်ချ်ကို ပြောင်းရွေ့ကြေး ယူရိုသန်း ၂၀ ရရင် လက်လွှတ်သွားဖို့ အသင့် ဖြစ်နေပါတယ်။ ပီအက်ဗီဟာ ဒီလောက် မြင့်မြင့် ဈေးပေးသွားဖို့ ဆန္ဒမရှိဘဲ အနီးစပ်ဆုံး ပမာဏကိုပဲ ကမ်းလှမ်းထားပါတယ်။ စတုတ်ဂတ် ကတော့ ဗန်ဒန်ဘတ်ချ်ကို စိတ်ဝင်စားနေပါတယ်။
လီဗာပူးမှာ ဆက်နေရန် ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်းကို အက်ဒရီယန်က “ဒါဟာ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ နှလုံးသားခံစားချက်အရ ဆုံးဖြတ်ခဲ့တယ်ဆိုတာ နားလည်ပါတယ်။ ဒါဟာ လီဗာပူးကနေ ထွက်ခွာရန် အသင့်တော်ဆုံး အချိန်ပါ။ ကျနော် အင်္ဂလန်ကို တစ်ယောက်တည်း ရောက်လာပြီး အခု ကလေး၃ ယောက်နဲ့အတူ အိမ်ပြန်မှာပါ။”

လီဗာပူး တိုက်စစ်မှုးဟောင်း ဖြစ်သူ ရော်ဘတ်တိုဖာမီနို ကတော့ အခုချိန်မှာ ဘရာဇီးကို ပြန်ကာ ယူ ၁၄ အသင်းကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေပါတယ်။
လီဗာပူး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က “ပြိုင်ပွဲကြီးတွေ ရှိနေတဲ့အခါမှာ ပုံမှန်အားဖြင့် အာရုံစိုက်မှုတွေက အဲဒီပြိုင်ပွဲမှာပဲ ရှိနေကြပါတယ်။ ကလပ်တော်တော်များများဟာ သြဂုတ်လမှာတော့ အပြောင်းအရွေ့ ကိစ္စတွေ သွက်သွက်လက်လက် လုပ်လာကြမယ့် အခြေအနေကို ခင်ဗျားတို့ မြင်ရမှာပါ။ ဇူလိုင်လကတော့ ငြိမ်သက်နေပါလိမ့်မယ်။ အဲဒီနောက် သြဂုတ်လ အစမှာ လှုပ်ရှားမှုတွေ သွက်လာမှာပါ။”