Sports Myanmar

လာမယ့်ရာသီ အာဆင်နယ် အသင်း အဆင့် ၃ ပဲ ရလိမ့်မယ်ဆိုတဲ့ ဟာမန်း နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းများ

 

ဂျာမနီ အသင်း ရဲ့ ဂန္တဝင်ဟောင်း ဟားမန်း က လာမယ့် ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီး အသင်းပဲ ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး မန်ယူနိုက်တက် က အဆင့် ၂ ၊ အာဆင်နယ် က အဆင့် ၃ ၊ လီဗာပူး က အဆင့် ၄ ရလိမ့်လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန် အသင်းဟာ အာဆင်နယ် အသင်း နောက်ခံလူ ခီဗီယော နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိဖို့ နီးစပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါပေမဲ့ ရိုမာနို ကတော့ အဆိုပါ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆန်ထားပြီး ကာလာဖီအိုရီ ရောက်ရှိလာမှု နဲ့ အတူ ခီဗီယော တစ်ယောက် အသင်း ကနေ ထွက်ခွာနိုင်ချေတော့ ရှိကြောင်း ဆိုပါတယ် ။

ချီဒိုအိုဘီမာတင် ဟာ အာဆင်နယ် အသင်း နဲ့ ပညာသင်ဆု ချုပ်ဆိုတဲ့ လူငယ် ကစားသမား စာရင်းထဲမှာ ပါဝင်ခြင်း မရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ သေချာ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဆိုစီဒက် အသင်းဟာ ကွင်းလယ်လူ မင်ရီနို ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် ကစားသမား လိုချင်တဲ့ အနေအထားမျိုးမှာတော့ ရှိမနေသေးပါဘူး ။ မီရင်နို ဘက်က အာဆင်နယ် အသင်းကို ပြောင်းရွေ့ဖို့ လမ်းဖွင့် ထားပေမယ့် သေချာပေါက် ပြောင်းလာမယ်လို့ အာမခံချက် ပေးထားတာမျိုးတော့ မဟုတ်ပါဘူး ။

အာဆင်နယ် အသင်း အနေနဲ့ ရမ်စ်ဒေးလ် ကို အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းမှု ရောက်လာမပါက အငှားချသွားဖို့ စီစဉ် နေပါတယ် ။ အာဆင်နယ် အသင်းဟာ ရမ်စ်ဒေးလ် အတွက် ပေါင် ၃၅ သန်း ဈေးသတ်မှတ်ထားပြီး လစာ ပမာဏကလည်း ပေါင် ၁ သိန်း ကျော် ရှိနေတာကြောင့် ခေါ်ချင်တဲ့ အသင်းတွေ အတွက် အခက်အခဲ ဖြစ်နေတာပါ ။

SM

မူရင်းသတင်း — Sports Myanmar