Eleven Media Group

■ စီးရီးအေပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ရိုးမား - ပါးမား (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၆:၀၀ နာရီ)
ရိုးမားကတော့ တကယ်ကို စိတ်ပျက်စရာကောင်းနေပြီ။ ကစားပုံက ဦးတည်ချက်မရှိဘဲ အတော့်ကို ပျက်ယွင်းနေတယ်။ ပါးမားကလည်း ခြေစွမ်းတည်ငြိမ်မှု မရှိပါဘူး။ ရိုးမားအသင်း အလွန်ဆုံး ကပ်နိုင်ဖို့ပဲ ရှိတယ်။


ဗင်နီဇီယာ - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၈:၃၀ နာရီ)
ဗင်နီဇီယာက စီးရီးအေနောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ ကာဂလီယာရီကလည်း နောက်ဆုံး (၂)ပွဲဆက် သွင်းဂိုးမဲ့ ရှုံးပွဲတွေ့ခဲ့တယ်။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ အိမ်ရှင်ကို ရွေးချယ်ချင်တယ်။


အတ္တလန်တာ - အမ်ပိုလီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၁၁:၃၀ နာရီ)
အတ္တလန်တာက အကောင်းဆုံးပုံစံပြနေပြီး ယုံကြည်မှုလည်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်။ သူတို့ရဲ့ တိုက်စစ်အစုအဖွဲ့က အားရစရာအတော်လေးကို ကောင်းပြီး ကတ်တယ်လေရာ၊ ဇာနီယိုလို၊ လွတ်ခ်မန်း၊ ရေတယ်ဂီ အစရှိတဲ့ ကစားသမားတွေအားလုံး ပုံစံကောင်းပြနေကြတယ်။ အမ်ပိုလီကတော့ အဝေးကွင်း အားနည်းတဲ့အသင်းလို့ ဆိုရမယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာ ဗီရိုနာကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ယုံကြည်လို့ရတဲ့ အနေအထားတော့ မဟုတ်ဘူး။ ချန်ပီယံမျှော်လင့်ချက်အတွက် အတ္တလန်တာ အနိုင်ကစားမယ်။ ဂိုးပြတ်နိုင်တယ်။


မွန်ဇာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
မွန်ဇာကတော့ ပြီးခဲ့တဲ့ရာသီကပုံစံနဲ့ အတော့်ကို ခြားနားခဲ့ပြီ။ စီးရီးအေနိုင်ပွဲ (၁)ပွဲသာ ရထားသေးပြီး တိုက်စစ်ကလည်း သွင်းဂိုးတွေအတွက် ရုန်းကန်နေရဆဲပဲ။ ဂျူဗင်တပ်စ်ကလည်း သရေပွဲတွေ များနေတဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ ဂျူဗင်တပ်စ် နိုင်ပွဲပြန်ရမယ်။

မူရင်းသတင်း — Eleven Media Group