ရန်ကုန် နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ် (၆) ဒုတိယနေ့ကို နိုဝင်ဘာ ၁၉ ရက်က ဆက်လက်ကျင်းပသည်။
တက္ကသိုလ်ကွင်း၌ ကျင်းပသည့်ပွဲတွင် VUE နေပြည်တော်အသင်းက တက္ကသိုလ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ တက္ကသိုလ်အသင်းသည် ထိပ်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်း ရှုံးပွဲကြုံတွေ့မှုကို အခွင့်ကောင်းမယူနိုင်သဖြင့် ထိပ်ဆုံးနေရာ ပြန်လည်ရယူခွင့် ဆုံးရှုံးခဲ့သည်။ VUE နေပြည်တော်အသင်းသည် တတိယမြောက်နိုင်ပွဲနှင့်အတူ ချန်ပီယံစိန်ခေါ်နိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ VUE နေပြည်တော်အသင်းအတွက် ခွန်ရဲဇော်က ၃၉၊ ၇၀ မိနစ်တို့တွင် နှစ်ဂိုးစလုံးသွင်းယူပြီး တက္ကသိုလ်အသင်းအတွက် ချေပဂိုးကို ၅၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အောင်မြင့်မြတ်က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို VUE နေပြည်တော်အသင်းအတွက် နှစ်ဂိုးသွင်းယူသည့် ခွန်ရဲဇော်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း ရရှိသည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် မနောအသင်းက Enjoy Brother အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ မနောအသင်းသည် အပြန်အလှန်သွင်းဂိုးများဖြင့် အနိုင်ရရှိကာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။ Enjoy Brother အသင်းသည် နှစ်ဂိုးအရှုံးမှ ချေပဂိုးများ ပြန်သွင်းနိုင်သော်လည်း ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ မနောအသင်းအတွက် ဂိုးများကို ၆၊ ၁၀ မိနစ်တို့တွင် မင်းစိုးသန်း၊ ၈၈ မိနစ်တွင် ဥသာတို့ကသွင်းယူပြီး Enjoy Brother အသင်းအတွက် ချေပဂိုးကို ၂၉ မိနစ်တွင် ချစ်ကိုဦး၊ ၄၉ မိနစ်တွင် ထက်အာကာတို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို မနောအသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည့် ဥဿာကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၆) တတိယနေ့ကို နိုဝင်ဘာ ၂၀ ရက်တွင် တက္ကသိုလ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး Elite Kings အသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - M-League