Myanmar Digital News

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ စတင်ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၉ 

 

မြန်မာ့အားကစား အဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားစေရေးနှင့် မျိုးဆက်သစ်လှေလှော် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ “၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ”ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်ယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ စတင်ကျင်းပသည်။

 

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၅၀၀) (၁၀)တက်လှေပြိုင်ပွဲ၊ (၈)တက်လှေပြိုင်ပွဲ၊ (၁၆)တက်လှေပြိုင်ပွဲ၊ (၂၀)တက်လှေ ပြိုင်ပွဲများနှင့် အမျိုးသား/ အမျိုးသမီး မီတာ (၂၀၀) (၁၀)တက်လှေပြိုင်ပွဲ၊ (၈) တက်လှေပြိုင်ပွဲ၊ (၁၆)တက်လှေပြိုင်ပွဲ၊ (၂၀)တက်လှေပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

 

အမျိုးသား+ အမျိုးသမီး မီတာ(၅၀၀) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၈)တက်လှေပြိုင်ပွဲတွင် စံချိန် ၂ မိနစ် ၂၈ ဒသမ ၅၃ စက္ကန့်ဖြင့် ရှမ်းပြည်နယ် အသင်းက ပထမ၊ စံချိန် ၂ မိနစ် ၂၉ ဒသမ ၀၂ စက္ကန့်ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၂ မိနစ် ၃၁ စက္ကန့်ဖြင့် ပဲခူးတိုင်းဒေသကြီးအသင်းက တတိယ၊ (၁၀)တက်လှေပြိုင်ပွဲတွင် စံချိန် ၂ မိနစ် ၁၅.၄၀ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၂ မိနစ် ၁၅.၉၄ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၂ မိနစ် ၂၄.၂၇ စက္ကန့်ဖြင့် ပဲခူးတိုင်းဒေသကြီးအသင်းက တတိယ၊ (၂၀)တက်လှေပြိုင်ပွဲတွင် စံချိန် ၁ မိနစ် ၅၃.၁၇ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၁ မိနစ် ၅၆.၉၅ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၂ မိနစ် ၄ စက္ကန့်ဖြင့် မွန်ပြည်နယ်အသင်းက တတိယတို့ကိုလည်းကောင်း ရရှိခဲ့သည်။

 

အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၈)တက်လှေပြိုင်ပွဲတွင် စံချိန် ၅၇.၉၂ စက္ကန့်ဖြင့် ရှမ်းပြည်နယ်အသင်းက ပထမ၊ စံချိန် ၅၉.၂၀ စက္ကန့်ဖြင့် ပဲခူးတိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၅၉.၅၂ စက္ကန့်ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက တတိယ၊ (၁၆)တက်လှေပြိုင်ပွဲတွင် စံချိန် ၄၈.၁၇ စက္ကန့်ဖြင့် ရှမ်းပြည်နယ်အသင်း က ပထမ၊ စံချိန် ၄၉.၂၁ စက္ကန့်ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၄၉.၇၁ စက္ကန့်ဖြင့် မွန်ပြည်နယ်အသင်းက တတိယ၊ (၂၀) တက်လှေပြိုင်ပွဲတွင် စံချိန် ၄၄.၈၈ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၄၅.၇၈ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၅၀.၃၀ စက္ကန့်ဖြင့် မွန်ပြည်နယ်အသင်းက တတိယတို့ကိုလည်းကောင်း ရရှိခဲ့သည်။

 

အမျိုးသား မီတာ(၅၀၀) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၁၀)တက်လှေ ပြိုင်ပွဲတွင် စံချိန် ၂ မိနစ် ၁၁.၃၁ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၂ မိနစ် ၁၃.၂၃ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၂ မိနစ် ၁၈.၀၂ စက္ကန့်ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက တတိယ၊ (၁၆)တက်လှေပြိုင်ပွဲတွင် စံချိန် ၂ မိနစ် ၀၃.၉၄ စက္ကန့်ဖြင့် ရှမ်းပြည်နယ်အသင်းက ပထမ၊ စံချိန် ၂ မိနစ် ၀၅.၇၉ စက္ကန့်ဖြင့် မွန်ပြည်နယ်အသင်းက ဒုတိယ၊ စံချိန် ၂ မိနစ် ၀၆.၇၉ စက္ကန့်ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက တတိယတို့ကိုလည်းကောင်း ရရှိခဲ့သည်။

 

အမျိုးသမီး မီတာ(၅၀၀) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၁၀)တက်လှေ ပြိုင်ပွဲတွင် စံချိန် ၂ မိနစ် ၂၅.၄၁ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၂ မိနစ် ၃၂.၀၉ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၂ မိနစ် ၃၆.၇၉ စက္ကန့်ဖြင့် ရှမ်းပြည်နယ်အသင်းက တတိယတို့ကိုလည်းကောင်း ရရှိခဲ့သည်။

 

နိုဝင်ဘာ ၂၀ ရက် နံနက် ၈ နာရီခွဲမှစ၍ ရန်ကုန်မြို့ အင်ယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ “၂ဝ၂၆ ခုနှစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲ” အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား+အမျိုးသမီး မီတာ(၂၀၀) (၁၀)တက် လှေပြိုင်ပွဲ၊ အမျိုးသား မီတာ(၂၀၀) (၁၀)တက်လှေပြိုင်ပွဲနှင့် အမျိုးသမီး မီတာ (၂၀၀) (၁၀) တက်လှေပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင် ပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်းကိုးသင်း၊ အမျိုးသမီးအသင်း ခုနစ်သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အင်အား ၂၄၆ ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News