Eleven Media Group

■ စီးရီးအေပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အမ်ပိုလီ - ဂျီနိုအာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက် ည ၈:၃၀ နာရီ)
အမ်ပိုလီက စီးရီးအေအိမ်ကွင်း (၈)ပွဲကစားထားရာမှာ (၁)ပွဲပဲ နိုင်သေးပြီး တိုက်စစ်ကလည်း အားရစရာမရှိဘူး။ ဂျီနိုအာကတော့ အဝေးကွင်းနောက်ဆုံး (၃)ပွဲမှာ (၇)မှတ်ရခဲ့တယ်။ ဂျီနိုအာ အနိမ့်ဆုံးသရေလောက်ရမှာပါ။


ပါးမား - မွန်ဇာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက် ည ၈:၃၀ နာရီ)
ပါးမားက နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိရှုံးခဲ့ပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာဖြစ်တယ်။ မွန်ဇာကတော့ စိတ်ပျက်စရာကစားပုံနဲ့အတူ အသင်းမရွေး အရှုံးပေးနေတယ်။ ပါးမားကို ကြိုက်တယ်။


ကာဂလီယာရီ - အင်တာမီလန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက် ည ၁၁:၃၀ နာရီ)
ကာဂလီယာရီက နောက်ဆုံး (၃)ပွဲဆက် ရှုံးပြီး တန်းဆင်းဇုန်ထဲရောက်သွားတယ်။ အင်တာမီလန်ကတော့ နောက်ပိုင်းပွဲတွေမှာ Rhythm ပိုမိလာတယ်။ သူတို့ရဲ့ တိုက်စစ်မှာ သွင်းဂိုး တွေအတွက် စိတ်ချရတဲ့ ပုံစံတစ်ခုကို မြင်လာရတယ်။ မားကပ်စ်သူရမ် ဂိုးပေါက်တွေ့နေတာကလည်း အားရစရာအချက်ပါပဲ။ ဒီပွဲလည်း အဝေးကွင်းဖြစ်ပေမဲ့ အင်တာမီလန် အနိုင်သေချာတယ်။ ဂိုးပြတ်နိုင်ပွဲ မြင်ရနိုင်တယ်။


လာဇီယို - အတ္တလန်တာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၂:၁၅ နာရီ)
ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ ပွဲမျိုးပါပဲ။ လာဇီယိုက အိမ်ကွင်းနောက်ဆုံးပွဲမှာ အင်တာမီလန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမဲ့ ချက်ချင်းဆိုသလို နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တယ်။ အတ္တလန်တာကတော့ လက်ရှိအချိန်မှာ အပြစ်ပြောစရာမရှိတဲ့အသင်းဖြစ်ပြီး နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ရောမမြေမှာတော့ အတ္တလန်တာ ခက်လိမ့်မယ်။ လာဇီယိုကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group