
ဝါရှင်တန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ရာသီပိတ် WTA Finals တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းဗိုလ်လုပွဲတွင် လက်ရှိ ပြင်သစ်အိုးပင်းချန်ပီယံ မီရာ အန်ဒရေဗာက အယ်လီနာ ဆဗစ်တိုလီနာကို ၇-၅၊ ၆-၃ ဖြင့် အနိုင်ယူကာ ယခုနှစ် တင်းနစ်ရာသီကို ထူးခြားပြောင်မြောက်သည့် အောင်ပွဲဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
အသက် ၁၉ နှစ်အရွယ် အဆိုပါရုရှားတင်းနစ်မယ်မှာ ၂၀၂၆ ခုနှစ်အတွင်း အက်ဒလိတ်၊ လင့်ဇ်နှင့် ပြင်သစ်အိုးပင်း ပြိုင်ပွဲတို့တွင်လည်း အနိုင်ရဗိုလ်စွဲခဲ့သဖြင့် Tour အဆင့် နိုင်ပွဲ ၅၅ ပွဲ၊ ချန်ပီယံဆုဖလား ၄ လုံးဖြင့် ရာသီသိမ်းနိုင်ခဲ့သည်။
ပထမပွဲ ပွဲချိန်အစောပိုင်းတွင် အန်ဒရေဗာနှင့် ယူကရိန်းတင်းနစ်မယ် ဆဗစ်တိုလီနာတို့ ပြိုင်ဘက်စပေးဘောမှ အပြန်အလှန် အမှတ်ယူနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အန်ဒရေဗာက ပြိုင်ဘက်စပေးဘောမှ ထပ်မံအမှတ်ယူနိုင်ခဲ့သလို ၎င်း၏ စပေးဘောအလှည့်တွင်လည်း အမှတ်ရရှိခဲ့သဖြင့် ၅-၃ ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
အန်ဒရေဗာမှာ ၅-၄ ဖြင့် ဦးဆောင်ထားစဉ် ၎င်း၏ စပေးဘောအလှည့်၌ ပွဲဖြတ်နိုင်ခဲ့ခြင်းမရှိသော်လည်း ဆဗစ်တိုလီနာ၏ စပေးဘောအလှည့်မှ တတိယအကြိမ် ထပ်မံအမှတ်ယူနိုင်ခဲ့ပြီးနောက် ပွဲသိမ်းနိုင်မည့် ဒုတိယအကြိမ် အခွင့်အရေးကို အမိအရအသုံးချကာ ပထမပွဲတွင် အနိုင်ရခဲ့သည်။
ဒုတိယပွဲတွင်လည်း ပြင်သစ်အိုးပင်း ချန်ပီယံက ၎င်း၏အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ကာ နောက်ဆုံးပွဲငယ် နှစ်ပွဲတွင် ပြိုင်ဘက်ကို ၂ မှတ်သာ ခွင့်ပြုခဲ့ရပြီး အောင်ပွဲခံနိုင်ခဲ့သလို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃.၃၇ သန်းကိုလည်း ဆွတ်ခူးသွားခဲ့သည်။
ယခုနှစ်ကုန်တွင် ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးအဖြစ် ကမ္ဘာ့အဆင့်-၂ နေရာ၌ ရပ်တည်နိုင်တော့မည့် အန်ဒရေဗာက ဆုပေးပွဲအခမ်းအနား၌ ၎င်း၏အဖွဲ့သားများအား ဂုဏ်ပြုခဲ့သည်။
"နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်နိုင်အောင် ကူညီပေးတဲ့အတွက်တင်မကဘဲ ကျွန်မရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်တွေ ရရှိလာအောင် တွန်းအားပေးခဲ့တဲ့အတွက်ရော ဘာမှမလုပ်ချင်တော့တဲ့အထိ စိတ်ပျက်အားငယ်နေတဲ့ အချိန်တွေမှာတောင် မဖြစ်မနေလေ့ကျင့်ဖြစ်အောင် ကြပ်မတ်ပေးခဲ့တဲ့အတွက်ပါ ကျွန်မရဲ့အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
"နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ချင်တဲ့သူကတော့ ကျွန်မကိုယ်တိုင်ပါပဲ" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
နှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆီဒင်-၂ ကစားသမားများဖြစ်သည့် ချက်တင်းနစ်မယ် ကက်ထရီနာ ဆီနီယာကိုဗာနှင့် အမေရိကန်တင်းနစ်မယ် တေလာ တောင်းဆန်းဒ်တို့အတွဲက အီတလီ တင်းနစ်မယ်များဖြစ်သည့် ဆာရာ အီရာနီနှင့် ဂျက်စမင်း ပေါင်လီနီတို့အတွဲကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးသွားခဲ့သည်။ (Xinhua)






..................................
(English Version)
Andreeva beats Svitolina to win WTA Finals
WASHINGTON, Nov. 15 (Xinhua) -- Reigning French Open champion Mirra Andreeva capped a breakthrough season by defeating Elina Svitolina 7-5, 6-3 in the WTA Finals singles final on Sunday.
The 19-year-old Russian finished 2026 with 55 tour-level wins and four titles, having also triumphed in Adelaide, Linz and at the French Open.
Andreeva and Ukraine's Svitolina traded breaks early in the opening set before the Russian broke again and held serve to take a 5-3 lead.
Andreeva failed to serve out the set at 5-4, but broke Svitolina for a third time before converting her second opportunity to close out the set.
The French Open champion maintained her momentum in the second set, conceding just two points across the final two games to seal victory and collect 3.37 million U.S. dollars in prize money.
Andreeva, who is set to finish the year at a career-high world No. 2, paid tribute to her team during the trophy ceremony.
She thanked her team for "helping me work every day, pushing me to my limits and forcing me to do stuff when I don't want to do anything."
"The last person I want to thank is myself," she added.
In the doubles final, second seeds Katerina Siniakova of the Czech Republic and Taylor Townsend of the United States defeated Italy's Sara Errani and Jasmine Paolini 6-4, 6-3 to claim the title.
Photo caption 1: Mirra Andreeva of Russia poses with the trophy during the awarding ceremony after the singles final match against Elina Svitolina of Ukraine at the WTA Finals in Indian Wells, California, the United States, on Nov. 15, 2026. (Xinhua/Wu Xiaoling)
Photo caption 2: Mirra Andreeva of Russia hits a return during the singles final match against Elina Svitolina of Ukraine at the WTA Finals in Indian Wells, California, the United States, on Nov. 15, 2026. (Xinhua/Wu Xiaoling)