
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့သည် ဘရာဇီးစီးရီးအေ ပွဲစဉ်၌ ဘရူနိုဒူအာတေးက ပွဲကစားချိန် ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းစလုံးတွင် တစ်ဂိုးစီ သွင်းယူပေးခဲ့သောကြောင့် ဗာစကိုဒဂါးမားအသင်းသည် Chapecoense အသင်းကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့်အနိုင်ရရှိကာ တန်းဆင်းဇုန်အန္တရာယ်စိုးရိမ်ရမှုကို လျှော့ချနိုင်ခဲ့သည်။
ပွဲချိန် ၃၆ မိနစ်တွင် ဒူအာတေးက ခေါင်းတိုက်ဂိုးသွင်းယူကာ ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုး ရရှိစေခဲ့သည်။ ပွဲပြီးဆုံးရန် ၉ မိနစ်အလိုတွင်လည်း လွိုက်ဒီအော်ဂတ်စတိုနှင့် တွဲဖက်ကစားပြီး ဒုတိယအနိုင်ဂိုးကို သေသပ်စွာ အဆုံးသတ်သွင်းယူပေးနိုင်ခဲ့သည်။
ပွဲချိန်အတွင်း Chapecoense အသင်းသည် ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့သလို ယခုရာသီအတွင်း ၂၁ ပွဲမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ယခုရလဒ်ကြောင့် ဗာစကိုဒဂါးမားအသင်းသည် ၄၄ မှတ် ရရှိထားပြီး လက်ကျန် ၄ ပွဲ ကစားရန်ကျန်ရှိနေချိန်တွင် တန်းဆင်းဇုန်နှင့် ၇ မှတ်အကွာတွင် ရှိနေသည်။ Chapecoense အသင်းသည် အသင်း ၂၀ ပါဝင်သည့်အမှတ်ပေးဇယား၏ နောက်ဆုံးနေရာတွင်ရှိနေပြီး စီးရီးဘီသို့ တန်းဆင်းရန် သေချာသွားပြီ ဖြစ်သည်။
နိုဝင်ဘာ ၁၄ ရက်က ကစားခဲ့သည့် အခြားတစ်ပွဲတည်းသော ဘရာဇီးစီးရီးအေ ပွဲစဉ်၌ အက်သလက်တီကိုမင်နဲရိုးအသင်းနှင့် မီရာဆောလ်အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။ (Xinhua)
…………….
(English Version)
Duarte double boosts Vasco survival hopes
RIO DE JANEIRO, Nov. 14 (Xinhua) -- Bruno Duarte scored in each half as Vasco da Gama eased relegation fears with a 2-0 away victory over Chapecoense in Brazil's Serie A on Saturday.
Duarte gave the visitors the lead with a 36th-minute header and he doubled the advantage with a clinical finish after combining with Loide Augusto nine minutes from time.
Chapecoense managed only one shot on target as it stumbled to its 21st loss of the campaign.
The result leaves Vasco with 44 points, seven clear of the relegation zone with four matchdays remaining. Chapecoense is last in the 20-team standings with relegation to Serie B already confirmed.
In Saturday's only other Brazilian Serie A fixture, Atletico Mineiro drew 0-0 at Mirassol.
Photo caption: Pedro of Fluminense shoots to goal during the 2018 Brazilian (Brasileiro) Serie A 7th round match between Fluminense and Chapecoense at the Maracana Stadium, in Rio de Janeiro, Brazil, on May 26, 2018. (Xinhua/Li Ming)