Eleven Media Group

လာမည့်ဇန်နဝါရီတွင် ဘန်လေဂိုးသမား ထရက်ဖို့ဒ်အား ခေါ်ယူရန် စပါးအသင်း စီစဉ်

Photo: Getty Images

စပါးအသင်းသည် လာမည့်ဇန်နဝါရီတွင် ဘန်လေဂိုးသမား ထရက်ဖို့ဒ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

စပါးအသင်း၏ အဓိကဂိုးသမားဖြစ်သူ ဗစ်ကာရီယိုသည် ခြေချင်းဝတ်ရိုးကျိုးဒဏ်ရာကြောင့် အနားယူနေပြီး ပြန်ကစားနုုိင်မည့် အချိန်ကို မသတ်မှတ်နိုင်သေးကြောင်း သိရသည်။

စပါးအသင်းသည် လက်ရှိတွင် အင်္ဂလန်ဝါရင့်ဂိုးသမား ဖရေဆာဖော်စတာ (၃၆ နှစ်)အား အသုံးပြုနေသည်။ သို့သော် ဖရေဆာဖော်စတာသည် အမှားများပြီး မပေးသင့်သည့်ဂိုးများ ပေးနေရသည့်အတွက် စပါးအသင်းအနေဖြင့် ဂိုးသမားသစ် ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ထရက်ဖို့ဒ်သည် အင်္ဂလန်လူ ငယ်အသင်းများတွင် လက်စွမ်းပြခဲ့သူဖြစ်ပြီး စပါးအသင်းက ၎င်းကို ပေါင်သန်း(၂၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်။

မူရင်းသတင်း — Eleven Media Group